မန္တလေးမြို့ဝင်ဂိတ်များကို ပုဂ္ဂလိကလုပ်ငန်းရှင်များကို မချပေးတော့ဘဲ စည်ပင်မှ လုပ်ကိုင်မည်

မန္တလေးမြို့ဝင်ဂိတ်များကို ပုဂ္ဂလိကလုပ်ငန်းရှင်များကို မချပေးတော့ဘဲ စည်ပင်မှ လုပ်ကိုင်မည်

 

မန္တလေး၊ ဒီဇင်ဘာ ရ ။         ။ မန္တလေးမြို့ဝင်ဂိတ်များကို ၂၀၁၈ /၂၀၁၉ ဘဏ္ဍာနှစ်မှ စတင်၍ ပုဂ္ဂလိကလုပ်ငန်းရှင်များကို ချထားပေး တော့မည်မဟုတ်ကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ဒီဇင်ဘာလ ရ ရက်၊နံနက် ၁၀ နာရီက ပြုလုပ်သည့် ဒုတိအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (တတိယနေ့)တွင် ပြောကြားသည်။

အမရပူရမြိုနယ်အတွင်း တိုးဂိတ်များမှာ ယခုထက်ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုပေးရန်ရှိမရှိ ဆိုသော မေးခွန်းကိုအမရပူရမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဆွေက မေးမြန်းခဲ့ရာ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင် အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။

၂၀၁၈ / ၂၀၁၉ ခုနှစ်မှာ မြို့ဝင်ဂိတ်တွေအဆင့်မြှင့်သွားမယ် ။ ငွေပေးချေတဲ့ စနစ်ကိုလည်း ပြောင်းလဲသွားပါ မယ်။အဲဒီလိုလုပ်ပြီးရင် ပုဂ္ဂိကလုပ်ငန်းရှင်တွေကို လုပ်ခွင့်မပေးတော့ဘဲ စည်ပင်သာယာကပဲ လုပ်သွားပါမယ်။" ဟု မြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောသည်။

ငွေပေးချေရေးစနစ်ကိုပြောင်းလဲရာတွင် ကြိုတင်ငွေပေးချေစနစ်သို့ ပြောင်လဲရန် ဆောင်ရွက်နေပြီး လက်ရှိ မြို့ဝင်ဂိတ်များကို ရွှေ့ပြောင်းရန်အတွက် နေရာများလည်းသတ်မှတ်ထားကာ ဂိတ်များကို အဆင့်မြှင့်တင် တည်ဆောက်သွားမည်ဖြစ်သည်။

လက်ရှိတွင် ရွှေကျင်ဂိတ်၊အောင်ပင်လယ်ဂိတ် ၊ရွှေကြက်ယက်ဂိတ်၊ထုံးဘိုဂိတ်များကို စည်ပင်မှ  လေလံပေးထားခြင်းဖြစ်ပြီး လာမည့် ၂၀၁၈ တွင် စည်ပင်မှ လုပ်ကိုင်တော့မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly