NLD ပါတီ နိုင်ငံလုံးဆိုင်ရာ ဒုတိယအကြိမ်လူငယ်ညီလာခံကို ၂၀၁၈ နှစ်ဆန်းပိုင်းကျင်းပမည်

NLD ပါတီ နိုင်ငံလုံးဆိုင်ရာ ဒုတိယအကြိမ်လူငယ်ညီလာခံကို ၂၀၁၈ နှစ်ဆန်းပိုင်းကျင်းပမည်

ရန်ကုန် ဒီဇင်ဘာ ရ ။                 ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်(NLD)ပါတီ၏ ဒုတိယအကြိမ်လူငယ်ညီလာခံကို လာမည့် ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းအတွင်း တစ်နိုင်ငံလုံးအတိုင်း အတာအနေနှင့် တပြိုင်နက်ကျင်းပသွားမည်ဖြစ်ပြီး မြို့နယ်အဆင့်ညီလာခံများကို ယခုဒီဇင်ဘာ နောက်ဆုံးပတ်ထဲတွင် ကျင်းပနေရန် စီစဉ်နေကြောင်း သိရသည်။

ဒုတိယအကြိမ် လူငယ်ညီလာခံကျင်းပနိုင်ရေး အတွက် ဗဟိုကော်မရှင် ဗဟိုလုပ်ငန်းကော်မတီ ရန်ကုန်တိုင်း ကော်မရှင်များ ခရိုင်ကော်မရှင်များနှင့် မြို့နယ်ကော်မရှင်များ တွေ့ဆုံ၍ တာဝန်ပေးအပ်မှုများ ဆောင်ရွက်ခဲ့ပြီး၊ တိုင်းနှင့်ပြည်နယ် ၈ ခု တွင် NLD လူငယ် ၆ သောင်းခန့် စုဆောင်းနိုင်ခဲ့ပြီ ဖြစ်ကြောင်း ဒုတိယအကြိမ် လူငယ်ညီလာခံ ကျင်းပရေးဗဟိုကော်မရှင်ဥက္ကဋ္ဌ ဦးမောင်မောင်ဦးက ပြောသည်။

" ဒီနှစ်က ပါတီဝင်ခွင့်ဖောင်တွေ ၆ သောင်းလောက် ထုတ်ပေးလိုက်ရတယ်၊ အရင်နှစ်တွေကတော့ ၁ သိန်း လောက်ရတယ်၊ အဲဒီတုန်းက ပြင်ဆင်ချိန် ရတယ်လေ၊ သက်ဆိုင်ရာတိုင်းနဲ့ပြည်နယ်တွေက မြို့နယ်ကော်မရှင် တွေကို လူငယ်ညီလာခံကျင်းပ ရေးအတွက် လူငယ်အဖွဲ့ဝင်တွေ ဘယ်လိုစုဆောင်း မလဲ၊ ဘယ်လို ခေါင်းဆောင်မှု အရည်အချင်းရှိတဲ့ လူငယ်တွေကိုရှာဖွေမလဲဆိုတာ လိုက်ပြီးရှင်းပြပြီး ရွေးချယ်ခဲ့တာပါ" ဟု ဒုတိယအကြိမ်လူငယ်ညီလာ ခံကျင်းပရေးဗဟိုကော်မရှင်ဥက္ကဋ္ဌ ဦးမောင်မောင်ဦးက ပြောသည်။ ထို့ပြင် မြို့နယ်အဆင့်ညီလာခံများ ကို ယခု ဒီဇင်ဘာနောက်ဆုံးပတ်ထဲတွင် ကျင်းပမည် ဟု ဆက်ပြောသည်။

" ကော်မရှင်တွေဖွဲ့ပြီးနေပြီ၊ လူငယ်တွေလည်း စုဆောင်းပြီးသွားပြီ။ ဒီလ ၁၅ ရက်နေ့မှာ ဗဟို ကော်မရှင်ရယ်၊ လုပ်ငန်းကော်မတီ အဖွဲ့တွေနဲ့ တိုင်းနယ်ပြည်နယ်တွေက ကော်မရှင်အဖွဲ့က ဥက္ကဋ္ဌတွေ အတွင်းရေးမှူး တွေရယ် တွေ့ဆုံပြီး ဒီညီလာခံကို ဘယ်လိုကျင်းပမလဲဆိုတာ ညီလာခံစီမံချက်ရှင်းလင်းပွဲလုပ်သွားမယ်"ဦးမောင်မောင်ဦး က ပြော သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်(NLD)ပါတီ၏ ဒုတိယအကြိမ်လူငယ်ညီလာခံကို သွားလာရေး ခက်ခဲသည့် ကိုကိုးကျွန်းမြို့နယ်မှ အပ ရန်ကုန်တိုင်း အတွင်း ၄၄ မြို့နယ်တွင်လည်း ကျင်းပသွားမည် ဖြစ်သည်။ ဝင်ရောက်အရွေးခံမည့်လူငယ်များသည် NLD ပါတီဝင် အသက် ၁၆ နှစ်မှ ၃၀ အတွင်း လူငယ်များကို ဖိတ်ခေါ်ထားပြီးကြောင်း သိရပြီး ရွေးချယ်ခံရသည့်လူငယ်များကို အရည်အချင်းမြှင့် သင်တန်းများလည်း ပေးသွားမည်ဖြစ်ကြောင်း သိ ရသည်။

ဒုတိယအကြိမ် လူငယ်ညီလာခံကို တိုင်းနယ် ပြည် နယ် ၁၄ ခုအတွင်း တစ်ပြိုင်နက် ကျင်းပရန် စီစဉ် နေပြီး ပထမအကြိမ်က ရွေးချယ်တင်မြှောက်ခြင်းခံ ထားရသည့် လူငယ်များအနေဖြင့် ယခုကျင်းပမည့် ညီလာခံတွင် ဝင်ရောက်အရွေးချယ်ခံပါက အစမှ ပြန်လည်ရွေးချယ်ခံရမည်ဖြစ်ကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly