Bohemian Rhapsody ရုပ်ရှင်ကို ဘရိုင်ယန်ဆင်ဂါအစား ဒက်စ်တာဖလက်ချာကရိုက်ကူးမည်

Bohemian Rhapsody ရုပ်ရှင်ကို ဘရိုင်ယန်ဆင်ဂါအစား ဒက်စ်တာဖလက်ချာကရိုက်ကူးမည်

ဒီဇင်ဘာ ရ။           ။ တစ်ခေတ်တစ်ခါက နာမည်ကျော်ကြားခဲ့သည့် ဗြိတိန်ရော့ခ်ဂီတအဖွဲ့ Queen မှ ဦးဆောင်အဆိုတော်တစ်ဦး ဖြစ်သော ဖရက်ဒီမာကျူရီ၏ ဘဝဇာတ်လမ်းကို ပုံဖော်ရိုက်ကူးမည့် Bohemian Rhapsody ရုပ်ရှင်၏ ရိုက်ကူးရေးမှ ဒါရိုက်တာဘရိုင်ယန်ဆင်ဂါကို ထုတ်ပယ်ခဲ့ပြီးနောက်တွင် ဒါရိုက်တာဒက်စ်တာဖလက်ချာကို Fox  စတူဒီယိုက အစားထိုးရွေးချယ်ခဲ့သည်။

ဒါရိုက်တာဖလက်ချာသည် Eddie the Eagle၊ Wild Bill၊ Kick-ass နှင့် Stardust ဇာတ်ကားတို့ကို ရိုက်ကူးခဲ့သူ ဖြစ်ပြီး လာမည့်အပတ်တွင် လန်ဒန်မြို့၌ ရုပ်ရှင်ရိုက်ကူးရေးကို ပြန်လည်စတင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဒါရိုက်တာအသစ်ရရှိခဲ့ပြီဆိုသောကြေညာချက်ကို ဘရိုင်ယန်ဆင်ဂါအားထုတ်ပယ်ပြီးနောက် နှစ်ရက်အကြာ တွင် Fox စတူဒီယိုက ဗုဒ္ဓဟူးနေ့အနှောင်းပိုင်း၌ ကြေညာခဲ့ခြင်းဖြစ်သည်။ ဘရိုင်ယန်ဆင်ဂါအား ထုတ်ပယ်ခဲ့ရ သည့်အကြောင်းရင်းမှန်ကို Fox က ပြောဆိုခဲ့ခြင်းမရှိသော်လည်း အခြားသတင်းများအရ ဘရိုင်ယန်သည် ရုပ်ရှင်ရိုက်ကူးရေးကိုလာရောက်ဖို့ အဖန်ဖန်ပျက်ကွက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

ယင်းဇာတ်ကားရိုက်ကူးရေးကို လန်ဒန်၌ပြုလုပ်နေခဲ့ပြီး Mr. Robot ဇာတ်ကား၏မင်းသားဖြစ်သူ ရာမီမာလစ်ခ် က ရော့ခ်ဂီတအဖွဲ့ Queen ၏ ရှေ့ထွက်အဆိုတော်ဖြစ်သူ ဖရက်ဒီမာကျူရီအဖြစ် သရုပ်ဆောင်မည်ဖြစ်သည်။

ယခုလိုဒါရိုက်တာအပြောင်းအလဲဖြစ်ခဲ့သော်လည်း Bohemian Rhapsody ရုပ်ရှင်ဖြန့်ချီမည့်ရက်ကို နဂိုစီစဉ် ထားသည့်အတိုင်း လာမည့် ၂၀၁၈ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် Fox က ဖြန့်ချီမည်ဟု သိရသည်။

RE: Vareity

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required