နေပြည်တော်မှာပြိုင်မယ့်အမတ်လောင်းများကို ကော်မရှင် စိစစ်

နေပြည်တော်မှာပြိုင်မယ့်အမတ်လောင်းများကို ကော်မရှင် စိစစ်
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မဲဆန္ဒနယ် ၁၀နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အမတ်လောင်းများကို ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် ဩဂုတ် ၂၀ရက်က စိစစ်နေစဉ်။ (ဓာတ်ပုံ- မဇ္ဈိမ)

နေပြည်တော် (မဇ္ဈိမ) ။ ။ နေပြည်တော် (၈)မြို့နယ်တွင် ဝင်ပြိုင်ရန် စာရင်းပေးထားသည့် အမတ်လောင်း ၄၃ဦးရှိပြီး ထိုအထဲတွင် အမျိုးသမီး (၃)ဦးသာ ပါဝင်သည်။

လက်ရှိသမ္မတဦးသိန်းစိန်၏ မဲဆန္ဒနယ်ဖြစ်သော ဇဗ္ဗူသီရိမြို့နယ်တွင်မူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဖြိုးဇေယျာသော်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဆယ်သွယ်ရေးနှင့်သတင်းအချက်အလက် နည်းပညာဝန်ကြီးဟောင်း ဦးမြတ်ဟိန်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required