ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွက် အင်အားပြသည့်အနေဖြင့် ဗုံးကြဲလေယာဉ်များ အမေရိကန်စေလွှတ်

ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွက် အင်အားပြသည့်အနေဖြင့် ဗုံးကြဲလေယာဉ်များ အမေရိကန်စေလွှတ်

 

ဆိုးလ်၊ ဒီဇင်ဘာ ရ ။                 ။ ယခုအပတ်အတွင်း ကိုရီးယားကျွန်းဆွယ်၌ တောင်ကိုရီးယားနှင့်အတူ လေကြောင်းဆိုင်ရာ ပူးပေါင်းစစ်ရေး လေ့ကျင့်မှုလုပ်ဆောင်နေသည့် အမေရိကန်တို့သည် အင်အားပြသသည့်အနေဖြင့် မဟာဗျူဟာမြောက် B-1 ဗုံးကြဲလေယာဉ်များကို ဗုဒ္ဓဟူးနေ့က စေလွှတ်ခဲ့သည်။

ဂူအမ်ကျွန်းရှိ အန်ဒါဆန်လေတပ်စခန်းမှ အဆိုပါဗုံးကြဲလေယာဉ်များသည် တောင်ကိုရီးယားမှ F-15 တိုက်လေယာဉ်များနှင့် အမေရိကန်မှ F-22 ၊ F-35 နည်းပညာမြင့် တိုက်လေယာဉ် များနှင့်အတူ ပူးပေါင်းကာ လေကြောင်းတိုက်ခိုက်မှုဆိုင်ရာ လေ့ကျင့်မှုများကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း အမေရိကန်ပြည်ထောင်စု၏ လေတပ်စခန်းမှ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့သည်။

အဆိုပါစစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားနယ်စပ်တောင်ဘက်မှ ၉၆ မိုင်ခန့်ကွာဝေးသော ဂန်ဝန်ခရိုင် အရှေ့မြောက်ပိုင်း၌ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားကာကွယ်ရေး ၀န်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူက ဆိုခဲ့သည်။

တောင်ကိုရီးယား၌ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုများအတွင်း B-1 ဗုံးကြဲလေယာဉ်များကို တပ်ဖြန့်ချထားခြင်း သည် မြောက်ကိုရီးယားတို့အား အမေရိကန်တို့ဘက်မှ ၄င်းတို့၏မဟာအင်အားကို   ပြသခြင်းဖြစ်ကြောင်း သိရ သည်။

ပြီးခဲ့သောလက အမေရိကန်သမ္မတဒေါ်နယ်ထရမ့် တောင်ကိုရီးယားသို့ လာရောက်မလည်ပတ်မီတွင် ပြုလုပ်ခဲ့ သည့် စစ်ရေးလေ့ကျင့်မှုအတွင်း၌လည်း အဆိုပါဗုံးကြဲလေယာဉ်များကို အသုံးပြုခဲ့ဖူးသည်။

လွန်ခဲ့သော နို၀င်ဘာလ ၂၉ ရက်နေ့က ပြုလုပ်ခဲ့သည့် မြောက်ကိုရီးယားတို့၏ တိုက်ချင်းပစ်ဒုံးပျံစမ်းသပ်မှုကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်တို့နှင့် တောင်ကိုရီးယားတို့သည့် Vigilant ACE ဟုအမည်ပေးထားသော လေကြောင်းဆိုင်ရာ စစ်ရေးလေ့ကျင့်မှုကို တနင်္လာနေ့ကစတင်ခဲ့ပြီး လာမည့်ဒီဇင်ဘာလ ၈ ရက်နေ့တွင် အဆုံးသတ်မည်ဖြစ်သည်။

တပ်သား ၁၂၀၀၀ နှင့် လေယာဉ် ၂၃၀ ခန့်ကို အသုံးပြုထားသည့် အဆိုပါစစ်ရေးလေ့ကျင့်မှုသည် ကိုရီးယား ကျွန်းဆွယ်၌ပြုလုပ်သည့် အကြီးမားဆုံးသော လေကြောင်းဆိုင်ရာပူးတွဲစစ်ရေးလေ့ကျင့်မှုဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly