မန်စီးတီးကို လိုက်မမီဟုထင်လျှင် ဘောလုံးကစားတာ ရပ်လိုက်မည်ဟု ပေါ့ဂ်ဘာ ပြော

မန်စီးတီးကို လိုက်မမီဟုထင်လျှင် ဘောလုံးကစားတာ ရပ်လိုက်မည်ဟု ပေါ့ဂ်ဘာ ပြော

 

ဒီဇင်ဘာ ရ၊ အင်္ဂလန် ။              ။ မန်ယူကွင်းလယ်ကစားသမား ပေါ့ဂ်ဘာက ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းတွင် မန်စီးတီးအသင်းကို လိုက်မမီနိုင်တော့ဟု ထင်ပါက  ဘောလုံးကစားခြင်းကို ရပ်လိုက်မည်ဟု ပြောသည်။

ပေါ့ဂ်ဘာသည် အာဆင်နယ်နှင့်ပွဲတွင် အနီကတ်ပြသခံခဲ့ရသောကြောင့် လာမည့်မန်ချက်စတာဒါဘီကို လွဲချော်မည် ဖြစ်သည်။ သို့သော် ၎င်းက အသင်းဖော်များစိတ်ဓာတ်တက်ကြွစေရန် မန်ချက်စတာဒါဘီတွင် ကွင်းအတွင်းရှိနေမည်ဟု ဆိုသည်။

“မန်ယူက မန်စီးတီးကို လိုက်မမီနိုင်ဘူးလို့ ကျွန်တော်မယုံကြည်ပါဘူး။ အဲ့လိုယုံကြည်တယ်ဆိုရင် ဘောလုံးကစားတာကို ချက်ခြင်း ရပ်လိုက်မှာပါ။ မန်ချက်စတာဒါဘီမှာ သူတို့အနိုင်ရဖို့ လိုအပ်တယ်ဆိုတာ သူတို့သိပါတယ်။ ဘာကြောင့်လဲဆိုတော့ မန်ယူအသင်းက သူတို့ရဲ့အနီးဆုံးနေရာမှ ရှိနေလို့ပါ။

ဒီပွဲမှာ ကျွန်တော်မကစားနိုင်တာ ကံမကောင်းပါဘူး။ ဒါပေမဲ့ အသင်းဖော်တွေ စိတ်ဓာတ်တက်ကြွစေဖို့ ကျွန်တော်ရှိနေမှာပါ။ မန်ယူနဲ့မန်စီးတီးတို့ရဲ့ မန်ချက်စတာဒါဘီက အမြဲပြိုင်ဆိုင်မှု ပြင်းထန်ပါတယ်။ ထပ်သီးအသင်းကြီးနှစ်သင်း၊ ထိပ်တန်းကစားသမားတွေယှဉ်ပြိုင်ကြတာဖြစ်လို့ ကစားသမားတိုင်း ဒီလိုပွဲကို ကစားချင်ကြပါတယ်။ ကျွန်တော့်အသင်းအပေါ် အပြည့်အဝ ယုံကြည်မှုရှိပါတယ်” ဟု ပေါ့ဂ်ဘာက ဆိုသည်။

ထို့အပြင် ၎င်းက ဆက်လက်ပြီး “မန်ချက်စတာဒါဘီလိုပွဲမျိုးမှာ အနိုင်ရဖို့ဆိုရင် အရာရာပေးဆပ်ဖို့ လိုပါတယ်။ တိုက်စစ်ကစားဖို့လိုသလို ခံစစ်ကောင်းကောင်း ကစားနိုင်ဖို့လည်း လိုပါတယ်။

အခွင့်အရေးတစ်ကြိမ်ကပဲ ပွဲကို အဆုံးသတ်သွားစေနိုင်ပါတယ်။ မန်စီးတီးမှာ အရည်အချင်းပြည့်ဝတဲ့ တိုက်စစ်ကစားသမားတွေရှိနေပြီး သူတို့က အချိန်တိုင်း ပွဲကို အပြောင်းအလဲဖြစ်သွားစေနိုင်သူတွေပါ။

ဒီပွဲမှာ မန်စီးတီးက ရေပန်းပိုစားပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ရှုံးပွဲမရှိ အကောင်းဆုံးပုံစံနဲ့ကစားထားလို့ပါ။ ရှုံးပွဲမရှိလို့ စိတ်ဓာတ်ပိုင်းကလည်း အကောင်းဆုံးဖြစ်နေမှာပါ။ ကျွန်တော်တို့အသင်းအနေနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုရှိဖို့ လိုပါတယ်” ဟု ဆိုခဲ့သည်။

ရည်ညွှန်း ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags