ကူဝိတ်ဘောလုံးအဖွဲ့ချုပ်ပေါ် ချမှတတ်ထားတဲ့ ပြစ်ဒဏ်ကို ဖီဖာ ရုပ်သိမ်း

ကူဝိတ်ဘောလုံးအဖွဲ့ချုပ်ပေါ် ချမှတတ်ထားတဲ့ ပြစ်ဒဏ်ကို ဖီဖာ ရုပ်သိမ်း
(ဓာတ်ပုံ - အီးပီအေ)

အစိုးရမှ ဝင်ရောက်စွက်ဖက်မှုကြောင့် ၂၀၁၅ ခုနှစ် အောက်တိုဘာလကတည်းက နိုင်ငံတကာပွဲကစားခွင့် ပိတ်ပင်ခံခဲ့ရတဲ့ ကူဝိတ်ဘောလုံးအဖွဲ့ချုပ်ရဲ့ ပြစ်ဒဏ်ကို ရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့ကြောင်း ဖီဖာဥက္ကဌက ဗုဒ္ဓဟူးနေ့ ကြေညာခဲ့ပါတယ်။

ဖီဖာဥက္ကဌ အင်ဖန်တီနိုဟာ ကူဝိတ်သို့ သွားရောက်လည်ပတ်ခဲ့ပြီး ခရီးစဉ်အတွင်း ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းနှင့် လူငယ်ရေးရာဝန်ကြီး Khaled al-Roudan နှင့် တွေ့ဆုံးခဲ့ပြီးနောက် ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

“ကူဝိတ်ဘောလုံးအဖွဲ့ချုပ်ပေါ် ချမှတ်ထားတဲ့ ပိတ်ပင်မှုကို ရုပ်သိမ်းလိုက်ပါပြီ”လို့ ဗီဒီယိုဖိုင်တစ်ခုမှာ အင်ဖန်တီနိုရဲ့ ပြောဆိုချက်ကို al-Roudan က လူမှုကွန်ရက်ပေါ်မှာ ပို့စ်တင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကူဝိတ်ပါလီမန်က နိုင်ငံရဲ့ အားကစားဥပဒေကို ပြင်ဆင်ရန် ဆုံးဖြတ်ချက်ခဲ့တယ်လို့ သိရပါတယ်။

Ref; EFE-EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags