မြန်မာနိုင်ငံအပြင် နိုင်ငံတကာ မှာပါ ပြသသွားမည့် ထာဝရအမေ ရုပ်ရှင်ဇာတ်ကား

မြန်မာနိုင်ငံအပြင် နိုင်ငံတကာ မှာပါ ပြသသွားမည့် ထာဝရအမေ ရုပ်ရှင်ဇာတ်ကား

ရန်ကုန် ၊ ဒီဇင်ဘာ ၆ ။           ။ ပါမောက္ခ ဒေါက်တာ ခင်မောင်ဝင်း ၏ ဖြစ်ရပ်မှန် ဘဝဇာတ်ကြောင်းကို ရေးသားထားသည့် “ အမေနဲ့ ကျွန်တော် ” စာအုပ်ကို ဒါရိုက်တာ စင်ရော်မောင်မောင် မှ ရုပ်ရှင်ဇာတ်ကား အဖြစ် ပြန်လည် ရိုက်ကူးပုံဖော်ထားသည့် " ထာဝရအမေ " ရုပ်ရှင်ဇာတ်ကားကို ဒီဇင်ဘာ ၈ရက်မှ စတင်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများတွင် စတင် ပြသတော့မည် ဖြစ်သည်။

ထာဝရအမေ ရုပ်ရှင်ဇာတ်ကား အထူးပြသပွဲကို ဒီဇင်ဘာ ၆ရက်တွင် ရန်ကုန်မြို့ရှိ သမ္မတရုပ်ရှင်ရုံ၌ ကျင်းပပြု လုပ်ခဲ့ပြီး ပါမောက္ခ ဒေါက်တာ ခင်မောင်ဝင်း ၊ ဒါရိုက်တာ ၊ ပါ၀င် သရုပ်ဆောင် ထားကြသည့် သရုပ်ဆောင်များ  တက်ရောက် ခဲ့ကြသည်။ 

၀တ္ထု ဒေါက်တာ ခင်မောင်ဝင်း ၊ ဇာတ်ညွှန်း မိုးနီလွင် ရေးသားထားပြီး ထပ်ဆင့်အကယ်ဒမီ ဒါရိုက်တာ စင်ရော်မောင်မောင် ရိုက်ကူးထားကာ ထပ်ဆင့်အကယ်ဒမီများ ဖြစ်ကြသည့် သရုပ်ဆောင် နေတိုး ၊ ၀တ်မှံုရွေရည် ၊ ရဲအောင် ၊ မေသန်းနု တို့က အဓိက ပါ၀င် သရုပ်ဆောင် ထားကြသည်။

ရုပ်ရှင်ဇာတ်ကားသည် နိုင်ငံတကာအဆင့်မီ ရိုက်ကူးထားသည့် ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး ကျပ်သိန်းပေါင်း များစွာ အကုန်ကျခံ ရိုက်ကူးထားကာ ထပ်ဆင့်အကယ်ဒမီ စင်ရော်မောင်မောင် နှင့် ထပ်ဆင့်အကယ်ဒမီ မေသန်းနု တို့၏ သားဖြစ်သူ မင်းသန့်မောင်မောင် မှ တွဲဖက် ဒါရိုက်တာ အဖြစ် ပါ၀င် အားဖြည့်ထားပြီး ၎င်းတို့ ၃ဦး၏ ( ၁၂ ) နှစ် အကြာမှ ပြန်လက်တွဲ ရိုက်ကူးဖြစ်ခဲ့သည့် ဇာတ်ကားလည်း ဖြစ်သည်။

ထာဝရအမေ ရုပ်ရှင်ဇာတ်ကားသည် ပါမောက္ခ ဒေါက်တာ ခင်မောင်ဝင်း (အသည်းအထူးကု) ၏ ဘဝဖြစ်စဉ် နှင့် ၎င်း၏ မိခင်ဖြစ်သူ၏ မေတ္တာ ကရုဏာ သားသမီး များ ထူးချွန် ထက်မြက်အောင် ကြိုးစား အားထုတ်ပုံ မိခင်တွေ သားသမီးအပေါ်ထားသည့် မေတ္တာတရား တွေကို ပုံဖော်ထားကာ ၁၉၅၅ ခုနှစ် ၊ ၁၉၇၅ ခုနှစ် ၊ ၂၀၁၇ ခုနှစ် ခေတ် ၃ခေတ်ကို ပေါ်လွင်အောင် ရိုက်ကူး ပြသထားသည်။

နိုင်ငံတကာ အဆင့်မီ အင်္ဂလိပ်စာတန်းထိုး ရိုက်ကူးထားသည့် အတွက် မြန်မာနိုင်ငံ အပြင် စင်္ကာပူနိုင်ငံ ၊ ထိုင်းနိုင်ငံ ၊ အမေရိကန်နိုင်ငံရှိ LA ၊ နယူးယောက် ၊ ဆန်ဖရန်စစ္စကို မြို့များ နှင့် လန်ဒန် ၊ အိန္ဒိယနိုင်ငံ တို့တွင်လည်း ပြသရန် စီစဉ် ထားသည်။

"ထာဝရအမေ" ရုပ်ရှင်ဇာတ်ကားကြီး အထူးပွဲပြသမှု အစီအစဉ်ကို ဒီဇင်ဘာ (၃) ရက်တွင် မန္တလေးမြို့ ဝင်းလိုက် ရုပ်ရှင်ရုံ၌ ပြုလုပ်ခဲ့ပြီး ဒီဇင်ဘာ ( ၆ ) ရက်တွင် ရန်ကုန်မြို့ သမ္မတ ရုပ်ရှင်ရုံ၌ ပြုလုပ်ခဲ့ကာ ဒီဇင်ဘာ ( ရ ) ရက်နေ့ မှာတော့ ရန်ကုန်မြို့ရှိ Junciton City  JCGV ရုပ်ရှင်ရုံ၌ ပြုလုပ်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly