အီဂျစ်နိုင်ငံတော် လုံခြံုရေး အဆောက်အအုံကို ကားဗုံးခွဲတိုက်ခိုက်

အီဂျစ်နိုင်ငံတော် လုံခြံုရေး အဆောက်အအုံကို ကားဗုံးခွဲတိုက်ခိုက်

အီဂျစ်နိုင်ငံတွင် နိုင်ငံတော်လုံခြုံရေးအဆောက်အအုံအား သြဂုတ် ၂၀ ရက် အစောပိုင်းက ကားဗုံးခွဲတိုက်ခိုက်ခံရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ရှာဘရာအရပ်ရှိ လုံခြုံရေးအဆောက်အအုံ ကားဗုံးခွဲတိုက်ခိုက်ခံရခြင်းဖြစ်ပြီး ရဲခြောက်ဦးဒဏ်ရာရှိကြောင်းခဲ့ပြီး သေဆုံးသူသတင်းမကြားသိရသေးပေ။

ဒေသစံတော်ချိန် နံနက် နှစ်နာရီမထိုးခင် ပေါက်ကွဲသံကြီးကို ကြားလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ယခုနှစ်အတွင်း အီဂျစ်နိုင်ငံတွင် အစ္စလာမ်မစ်စစ်သွေးကြွများက ဗုံးခွဲတိုက်ခိုက်မှုများကို လုပ်ဆောင်လျက်ရှိလာသည်။

”လူတစ်ဦး ကားမောင်းလာပြီး နိုင်ငံတော်လုံခြုံရေးအဆောက်အအုံရှေ့မှာ ရုတ်တရက်ထိုးရပ်တယ်။ ပြီးတော့ သူက ခုန်ထွက်ပြီး ကားနောက်မှာပါလာတဲ့ ဆိုင်ကယ်ပေါ်တက်ခွမောင်းပြေး သွားကြတာဖြစ် တယ်။ ဒီကားဗုံးပေါက်ကွဲပြီး ရဲသားခြောက်ဦး ဒဏ်ရာရခဲ့ပါတယ်။”ဟု ဝန်ကြီးဌာနထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကားဗုံးကြောင့် လမ်းတွင် ချိုင့်ဖြစ်ကျန်ခဲ့ပြီး အဆောက်အအုံလည်း ပျက်စီးသွားခဲ့သည်။ ပေါက်ကွဲသည့်အရှိန်ကြောင့် အနီးရှိလမ်းများပေါ်က အိမ်ပြတင်းပေါက်မှန်များ ကွဲကြေသွားကြောင်းလည်း သတင်း တွင်ဖော်ပြသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required