ဖိလစ်ပိုင်၏ မူးယစ်ဆေးဝါးပြဿနာ နိဂုံးချုပ်ရေး ဒူတာတေးက အချိန်တစ်နှစ် ထပ်တောင်း

ဖိလစ်ပိုင်၏ မူးယစ်ဆေးဝါးပြဿနာ နိဂုံးချုပ်ရေး ဒူတာတေးက အချိန်တစ်နှစ် ထပ်တောင်း

မနီလာ၊ ဒီဇင်ဘာ ၆ ။        ။ လူပေါင်း ရ၀၀၀ ကျော်ထက်မနည်း သေဆုံးသည့် ဖိလစ်ပိုင်၏ မူးယစ်ဆေးဝါး ကုန်သွယ်မှုများကို အကြမ်းဖက်ဖြိုခွင်းလျက်ရှိရာမှ ၁၈ လအကြာတွင် သမ္မတ ဒူတာတေးက နိုင်ငံ၏ မူးယစ်ဆေးဝါးပြဿနာ နိဂုံးချုပ်ရေးအတွက် အချိန်နောက်ထပ်တစ်နှစ် ထပ်တောင်းခံသည်။

“မူးယစ်ဆေးဝါး ပြဿနာက စိုးရိမ်စရာ ကောင်းသလောက် ကျုပ်မှာ ဒီပြဿနာကို အဆုံးသတ်နိုင်ဖို့ မျှော်လင့်ထားတယ်။ ကျုပ်ကို နောက်ထပ်အချိန် တစ်နှစ်တော့ ထပ်ပေးကြပါ။”ဟု အစိုးရအရာရှိများ ကျမ်းသစ္စာဆိုမှုအခမ်းအနားအတွင်း ရုပ်သံမိန့်ခွန်းတွင် ဒူတာတေးက ပြောသည်။

၎င်း၏ မူးယစ်စစ်ပွဲကို ခုခံပြောဆိုမှုအဖြစ် ဒူတာတေးက သူ၏ ရာထူးသည် “ဖိလစ်ပိုင်ပြည်သူများကို ကာကွယ်ပေးရေးနှင့် ဖိလစ်ပိုင်နိုင်ငံအား လုံခြံုရေး အာမခံမှု ပေးနိုင်ရေး”တို့အတွက် သူ့ကို တွန်းအားပေးစေခိုင်းနေကြောင်း ပြောသည်။

“တရားမဲ့ သတ်ဖြတ်တယ်ဆိုတဲ့ သတင်းတွေကို ကျုပ် ဂရုမစိုက်ဘူး။ ဒီလို ဖြစ်လည်း ဖြစ်လာနိုင်သလို၊ ဖြစ်လည်း မဖြစ်လာနိုင်ဘူး။ ဒီအတွက် ခေါင်းထဲမှာကို မရှိဘူး။”ဟု လူ့အခွင့်အရေးအုပ်စုများ
ဝေဖန်အပြစ်ပြောနေသည့် မူးယစ်စစ်ပွဲအတွင်း ရဲ၏ လက်ချက်ဖြင့် သံသယရှိသူများ သေဆုံးနေမှုများနှင့် ပတ်သက်ကာ ဒူတာတေးက တုံ့ပြန်ပြောဆိုသည်။

၂၀၁၆ ဇွန်လကစကာ သမ္မတအဖြစ် တာဝန်ယူသည့် ဒူတာတေးသည် အနိုင်ရခဲ့သည့် ရွေးကောက်ပွဲမဲဆွယ်မှုအတွင်း ရာဇဝတ်မှုများနှင့် မူးယစ်ဆေးဝါးတို့ကို သုံးလမှ ခြောက်လအတွင်း အမြစ်ဖြတ်ပစ်မည်ဟု မဲဆွယ်စည်းရုံးခဲ့ခြင်း ဖြစ်သည်။

နောက်ပို်င်းတွင် ၎င်းက နိုင်ငံအတွင်း ဖြစ်တည်နေသည့် ရာဇဝတ်မှုများ၏ ပမာဏကို လျှော့တွက်မိကြောင်း ဝန်ခံကာ ၎င်း၏ သက်တမ်းခြောက်နှစ် အဆုံးသတ်အထိ မူးယစ်စစ်ပွဲနှင့် ရာဇဝတ်မှု နှိမ်နင်းရေးကို အဆုံးသတ်အထိ ဆောင်ရွက်သွားမည်ဟု ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required