မြန်မာနိုင်ငံ၏ လူ့စွမ်းအားဖွံ့ဖြိုးမှု အညွွန်းကိန်းစာအုပ် ၂၀၁၈ တွင် ထွက်ရှိမည်

မြန်မာနိုင်ငံ၏ လူ့စွမ်းအားဖွံ့ဖြိုးမှု အညွွန်းကိန်းစာအုပ် ၂၀၁၈ တွင် ထွက်ရှိမည်

နေပြည်တော်၊ ဒီဇင်ဘာလ ၆ ။              ။ နိုင်ငံ၏ လူဦးရေ၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ အလုပ်အကိုင်၊ စိုက်ပျိူးရေး အစရှိသည့် အညွှန်းကိန်းပေါင်း ၆၂ ခုပါ၀င်သော နိုင်ငံကိုယ်စားပြု လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ ပါ၀င်သောစာအုပ်အား လာမည့် ၂၀၁၈ ခုနှစ်အတွင်း ထွက်ရှိမည်ဟု အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က ပြောသည်။

အဆိုပါစာအုပ်တွင် ၂၀၁၁-၂၀၁၂မှ ၂၀၁၆-၂၀၁၇အထိ  ၆ နှစ်တာကာလအတွင်း ၀န်ကြီးဌာနများမှ ပေးပို့ထားသော လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်း အချက်လက်များပါ၀င်သည်။

 “၂၀၁၈ ထဲမှာပဲ ထွက်မှာပဲ။ ဒါ နောက်ဆုံး Draft (မူကြမ်းရေးဆွဲ)လောက်ဖြစ်ပြီလား မသိဘူး။ဖြစ်တယ် ဆိုရင် နောက်ဆုံးပြန်စစ်မယ်။ စာလုံးပေါင်းက အစ ဒေတာတွေကို ဒါကတော့သူတို့ သက်ဆိုင်ရာ ဦးစီးဌာန တာဝန်ခံ တွေကို ခေါ်လိုက်တာပဲ။ ခေါ်ပြီးတော့မှ စစ်တယ်။ စစ်ပြီးတော့ မှန်တယ်ဆိုရင် ဒီစာအုပ်ထုတ်ပြီပေါ့နော်” ဟု ဦးမျိုးအောင်က ပြောသည်။

ယနေ့ ဒီဇင်ဘာလ ၆ ရက်က နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနတွင် ကျင်းပပြုလုပ်သော လူ့စွမ်းအား ဖွွံ့ဖြိုးမှု အညွှန်းကိန်းများ အသုံးပြုသူများ၏ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ ၀န်ကြီး ဦးသိန်းဆွေ နှင့် ၀န်ကြီးဌာနအသီးသီးမှ အကြီးအကဲများ၊ အလုပ်ရုံဆွေးနွေးပွဲကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

အဆိုပါ အညွှန်းကိန်းစာအုပ်တွင် ဥပမာအားဖြင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန နှင့်ပတ်သတ်ပြီး ရွှေ့ပြောင်းအလုပ်သမားများကို တရားဝင်လွှတ်ထားသည့်ပမာဏအရေအတွက်၊ ကျွမ်းကျင်လုပ်သားအရေအတွက်တို့အား အဆိုပါစာအုပ်တွင် ကြည့်ရှုနိုင်မည် ဖြစ်သည်။

 “ အဲ့ဒီ စာအုပ်ကိုင်ထားလိုက်တဲ့သူက မြန်မာနိုင်ငံမှာရှိတဲ့ စာရင်းအင်း၊ ဒေတာကို ပြောလို့ဆိုလို့ရတယ်” ဟု ဦးမျိုးအောင်ကပြောသည်။

တစ်နေ့ လုပ်ခ ကျပ် ၅၆၀၀ ရရှိရေး အလုပ်သမားများ ဆန္ဒပြသည်ကို  နှစ်ဦးနှစ်ဖက် ဖြေရှင်းကြရန် အလုပ်သမား၊ လူဝင်ကြီးကြပ်ရေးနှင့် ပြည်သူ အင်အား ၀န်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly