ဧရာဝတီတိုင်းတွင် လျှပ်စစ်ရရှိမှု ယခင်ထက် ၅ ရာခိုင်နှုန်းကျော် တိုးလာ

ဧရာဝတီတိုင်းတွင် လျှပ်စစ်ရရှိမှု ယခင်ထက် ၅ ရာခိုင်နှုန်းကျော် တိုးလာ

 

လျှပ်စစ်ဓာတ်အားရရှိမှု အနည်းဆုံးဒေသတွင် ပါဝင်သည့် ဧရာဝတီတိုင်း၂၆ မြို့နယ်တွင် လျှပ်စစ်ဓါတ်အားရှိမှု ၅ ရာခိုင်နှုန်းကျော် တိုးတက်လာကြောင်း ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်စွမ်းအင် စက်မှုလက်မှု နှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက မဇ္စျိမသို့ ပြောသည်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ဧရာဝတီတိုင်းဒေသကြီးသည် တစ်နိုင်ငံလုံးတွင်  လျှပ်စစ်ဓာတ်အား ရရှိမှု မှာ တနင်္သာရီတိုင်းဒေသကြီးပြီးလျှင် ဒုတိယအနည်းဆုံးရရှိသော တိုင်းဒေသကြီး ဖြစ်ပြီး၊ ၁၂ ရာခိုင်နှုန်းသာ ရရှိနေကြောင်း သိရသည်။

“တိုင်းဒေသကြီး ကျေးရွာတွေ လျှပ်စစ်ဓါတ်အားရရှိဖို့ကို မြို့တစ်မြို ့ကို ကျေးရွာ နှစ်ရွာရွေးပြီးတော့ မီးလင်းရေး ကို ဆောင်ရွက်နေတယ် ၊အခုက ကုမ္ပဏီတွေ စမ်းသပ်မှုတွေ လုပ်နေပါတယ်၊ ဧရာဝတီတိုင်းဒေသကြီးမှာ ဆိုလာလျှပ်စစ်ဓါတ်အား ရရှိမှုက အခု ၁၇ ရာခိုင်နှုန်းကျော်အထိ ရှိလာပြီ ဖြစ်ကြောင်း” လျှပ်စစ်စွမ်းအင်၊ စက်မှု လက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက မီးရရှိမှုနှင့် ဆောင်ရွက်ထားမှု အခြေအနေကို ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် လျှပ်စစ်အနည်းဆုံးရရှိသောမြို့နယ်တို့မှာ လေးမျက်နှာမြို ့နယ်တွင် အိမ်ထောင်စု ၁၃၂၀ ၊ ငပုတောမြို့နယ်တွင် ၂၀၀၅ အိမ်ထောင်စုနှင့် သာပေါင်းမြို့နယ်တွင်၂၁၉၇ အိမ်ထောင်စုတို့ သာ ရရှိပြီး၊ ပုသိမ်မြို့တွင် လျှပ်စစ်ဓာတ်အားရရှိမှုမှာ ၃၀၄၁၂ အိမ်ထောင်စ ုရရှိနေကြောင်း ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းတွင် ဖော်ပြထားသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရသည် ၂၀၁၇ ခုနှစ်တွင် မြို့နယ်တစ်မြို ့လျှင် ကျေးရွာနှှစ်ရွာ လျှပ်စစ်ဓါတ်အား ရရှိရေးအတွက် တိုင်းဒေသကြီးအစိုးရ စီမံချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေပြီး၊ ၄င်းစီမံကိန်း အတွက် စစ်ဆေးစမ်းသပ်မှုများကို ပြုလုပ်နေကြောင်း၊ ယခု ခွင့်ပြုပေးထားသည့် ညောင်တုန်းစက်မှုဇုန်နှင့် မအူပင်စက်မှုဇုန်နှင့် ပုသိမ်စက်မှုဇုန်များ လျှပ်စစ်အား ၄င်းတို ့မှ စီမံဆောင်ရွက်မည်ဟုပြောထားကြောင်း လျှပ်စစ်စွမ်းအင် ၀န်ကြီးကပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်၌ ကျေးရွာပေါင်း ၄၆၅ရွာ အိမ်ခြေ၂၉၉၅၈လုံး ၊၂၀၁၇-၁၈တွင် ကျေးရွာ ၃၆၈ရွာ အိမ်ခြေ၂၅၁၃၂လုံးအား ဆိုလာစနစ်ဖြင့် မီးလင်းရေး ဆောင်ရွက်ပေးထားပြီး၊ ၂၀၃၀တွင် ကျေးရွာများ လျှပ်စစ်မီးလင်းနိုင်ရေး စီးမံကိန်းချပြီး ဆောင်ရွက်နေသည်။

“ကျေးလက်ဒေသ မီးလင်းရေးအတွက် နှစ်ပိုင်းနဲ ့ဆောင်ရွက်နေတယ် ၊ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနက မဟာဓါတ်အားလိုင်း အပြင်က ကျေးရွာတွေ၊မရောက်နိုင်တဲ ့ကျေးရွာတွေကို   ရွေးချယ်ပြီး လုပ်ဆောင်ပေးတဲ ့ဆိုလာစနစ်နဲ ့လုပ်ပေးတာပါ၊ကျေးရွာက ကုန်ကျစရိတ် ဆယ်ရာနှုန်းကို ကျခံရတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး၊ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန ညွန်ကြားရေးမှူးဦးစိုးသန်းက မဇ္စျိမသို့ ပြောသည်။

“ ဘယ်အရာပဲဖြစ်ဖြစ် လျှပ်စစ်လိုပါတယ်။ ဧရာဝတီတိုင်းထဲမှာ လျှပ်စစ်ကို ထုတ်မလဲဆိုတာ ကြိုးစားနေရပါ တယ် ၊နောက်တချိန်မှာနှစ်စဉ်သုံးစွဲမှု ၁၅ ရာနှုန်းလောက် သုံးစွဲမှုပမဏတိုးတက်လာရင် လျှပ်စစ်ဓာတ် မလောက်နိုင်ပါဘူး၊ကျွန်တော်တို့တိုင်းဟာ တခြားတိုင်းတွေထက် လျှပ်စစ်ဓါတ် သုံးစွဲမှုမရတာ ပိုများပါတယ်၊ ကျွန်တော်တို့ တိုင်းဟာ မြစ်ချောင်းတွေပေါများလို့ လျှပ်စစ်မရောက်နိုင်တဲ့နေရာတွေ များပါတယ်” ဟု လျှပ်စစ်စွမ်းအင်စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးဝင်းဌေးက အောက်တိုဘာလ၂၈ရက်နေ့ မြောင်းမြမြို့တွင် စပါးခွံမှလျှက်စစ်ဓာတ်ထုတ်မည့် ပန္နက်တင်အခမ်းအနားတွင် ပြောထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly