လင်းနို့အမျိုးသမီး အဖြစ် သရုပ်ဆောင်ခဲ့သော မင်းသမီး Yvonne Craig ကွယ်လွန်

လင်းနို့အမျိုးသမီး အဖြစ် သရုပ်ဆောင်ခဲ့သော မင်းသမီး Yvonne Craig ကွယ်လွန်

၁၉၆၀ ပြည့်လွန်နှစ်များက လင်းနို့လူသား ရုပ်သံစီးရီးတွင် လင်းနို့အမျိုးသမီး အဖြစ် သရုပ်ဆောင်ခဲ့သူ မင်းသမီး Yvonne Craig သည် တနင်္လာနေ့က ကွယ်လွန်သွားပြီ ဖြစ်သည်။

သူကွယ်လွန်ချိန်တွင် အသက် ၇၈ နှစ် ရှိပြီ ဖြစ်သည်။

အနုပညာကြယ်ပွင့် Yvonne Craig သည် ရင်သားကင်ဆာ ဝေဒနာကို ခံစားနေခဲ့ရခြင်း ဖြစ်ကြောင်းနှင့် ကင်ဆာသည် သူ၏ အသည်းဆီသို့ပါ ပျံ့နှံ့သွားခဲ့ခြင်း ဖြစ်ကြောင်း Yvonne Craig ၏ တရားဝင် ဝက်(ဘ်)ဆိုဒ် ၏ ထုတ်ပြန်ကြေညာချက်ထဲတွင် ဖော်ပြထားသည်။

“ရောဂါဝေဒနာကို သူ့ရဲ့စိတ်ဓာတ်အင်အားနဲ့ ဆက်လက်ခုခံချင်သေးပေမဲ့ သူ့ရဲ့ ခန္ဓာကိုယ်က လက်လျှော့သွားခဲ့ပါပြီ” ဟု ကြေညာချက်ထဲတွင် Yvonne Craig ၏ မိသားစုက ဆိုထားသည်။

Yvonne Craig သည် Pacific Palisades ရှိ သူ၏ နေအိမ်တွင် မိသားစုဝင်များ ရှေ့မှောက်၌ ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly