“ ချန်ပီယံနှစ်ဦးပူးပေါင်းမှု ဆက်လက်လုပ်ဆောင် ”

“ ချန်ပီယံနှစ်ဦးပူးပေါင်းမှု ဆက်လက်လုပ်ဆောင် ”

မတ်ဒရစ်,နိုဝင်ဘာ၂၇, ၂၀၁၇- ချစ်ပီယံနှစ်ဦး ကမ္ဘာအနှံ့ပူးပေါင်းမှု စတင် ကမ္ဘာ့အမျိုးသားသုံးအသားရေထိန်းသိမ်းပစ္စည်းစျေးကွက်တွင် ထိပ်တန်းဖြစ်သည့် NIVEA MEN နှင့်
ကမ္ဘာကျော် Real Madrid ဘောလုံးအသင်းတို့သည် အကျိုးတူပူးပေါင်းဆောင်ရွက်မှုကို နိုင်ငံပေါင်းရဝတွင် စတင်လုပ်ဆောင်သွားမည်ဖြစ်သည်။

၂၀၁၃ ခုနှစ်မှစပြီး NIVEA MEN နှင့် Real Madrid တို့သည် နိုင်ငံအချို့တွင် အောင်မြင်သောစီးပွားဖက်များ ဖြစ်ကြသည်။ ယခုအခါ Beiersdorf ဥက္ကဋ္ဌ Stefan F. Heidenreich နှင့် Real Madrid အသင်းဥက္ကဋ္ဌ Florentino Pérez Rodriguez သည် ကမ္ဘာတစ်ဝန်းပူးပေါင်းဆောင်ရွက်မှုကိုဆက်လက်လုပ်ဆောင်ရန် ငါးနှစ်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

ခေတ်မီဘောလုံးအားကစားနှင့် အမျိုးသားသုံးအသားအရေထိန်းသိမ်းရေးပစ္စည ်းတို့သည်ယုံကြည်မှုရှိခြင်း၊ ရင်းနှီးခင်မင်ခြင်း၊စိတ်အားထက်သန်ခြင်းနှင့် ကျွမ်းကျင်ခြင်းတို့ကို ကိုယ်စားပြုသဖြင် ့ အလွန်လိုက်ဖက်သည်။

ဒါ ကြောင့် Real Madridနှင့်အတူ ကမ္ဘာအနှံ့ပူးပေါင်းဆောင်ရွက်မှုအတွက် ကျွန်တော်တို့ အရမ်းကိုစိတ်လှုပ်ရှားနေပါတယ်”ဟု Beiersdorf ဥက္ကဋ္ဌ Stefan F. Heidenreich ကပြောကြားခဲ့သည်။
ကမ္ဘာတစ်ဝန်းမှ ပရိသတ်ပေါင်းသန်းငါးရာကျော်၏ အားပေးမှုကိုရရှိထားသည့် Real Madrid သည် FORBES မဂ္ဂဇင်းစစ်တမ်းအရ၂၀၁၃ မှ ၂၀၁၆ တွင်း brand တန်ဖိုးအမြင့်မားဆုံးရရှိထားသည့်
အသင်းလည်းဖြစ်သည်။ “ကမ္ဘာအနှံ့မှ အမျိုးသားများသည် ဘောလုံးအားကစားအပေါ် ဝါသနာကြီးပုံခြင်းတူကြသည်။ Nivea Men နှင့် ဘောလုံးအားကစားနှင့် ပူးပေါင်းခြင်းဖြင့်
ကုန်ပစ္စည်းအမှတ်တံဆိပ်နှင် ့၄င်း၏ပစ်မှတ် ဝယ်ယူသူအမျိုးသားများကြား စိတ်လှုပ်ရှားဖွယ်ကောင်းပြီးအားကောင်းသော ရင်းနှီးမှုကို ပေးစွမ်းနိုင်သည်”ဟု Beiersdorf AG ၏ ဥရောပဒေသ
အလုပ်အမှုဆောင်ဖြစ်သည့် Thomas Ingelfinger ကမှတ်ချက်ပေးသည်။

၇၁ ရာခိုင်နှုန်းသော အမျိုးသားများသည် သူတို့ကြိုက်နှစ်သက်သော အောင်မြင်ကျော်ကြားသူများ အသုံးပြုကြသည့် အမှတ်တံဆိပ်များနှင့် ပစ္စည်းများ၏ အရည်အသွေးကို ပိုမိုယုံကြည်တတ်ကြသည်။

ကြိုတင်ပြင်ဆင်ခြင်းသည် မိမိကိုယ်ကိုယုံကြည်မှုရှိခြင်း၏ အုတ်မြစ်တစ်ခုဖြစ်သောကြောင့် အမျိုးသားတို့ နေ့စဉ်ဘဝတွင် ကြံုတွေ့ရသည့် စိန်ခေါ်မှုများအတွက် ကြိုတင်ပြင်ဆင်ခြင်းဖြင့် မိမိစွမ်းရည်ကို ဖော်ထုတ်ပြသနိုင်ရန် NIVEA MEN နှင့် Real Madrid တို့ကမ္ဘာအနှံ့ ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ခြင်းဖြစ်သည်။

လေ့လာချက်များအရ အမျိုးသားများ၏ ရ၉ရာခိုင်နှုန်းသည် အားကစားသမားများ၏ ကြိုတင်ပြင်ဆင်ခြင်းများသည် သူတို့ကိုယ်ပိုင်ကြိုတင်ပြင်ဆင်မှုနှင့် လုပ်ဆောင်ချက်များမြှင့်တင်ရန်အတွက် လှုံ့ဆော်အားပေးနိုင်ကြောင်းသိရသည်။ ထို့အတွက်ကြောင့် NIVEA MEN သည် Real Madrid အားကစားသမားများ၏ ပြိုင်ပွဲနောက်ကွယ်က ကြိုတင်ပြင်ဆင်မှုများကို အသားပေး တင်ဆက်ခြင်းဖြစ်သည်။

ငါးနှစ်စာချုပ်အတွင်း NIVEA MEN သည် Real Madrid ကစားသမားများဦးဆောင်ပါဝင်မည့် စျေးကွက်လုပ်ရှားမှုများကို တီဗီ,ကွင်းအတွင်း လှုပ်ရှားမှုများနှင့် ဆိုရှယ်မီဒီယာမှတစ်ဆင့် လုပ်ဆောင်သွားမည်ဖြစ်သည်။ ဥပမာအားဖြင့် Nivea Men သည် Real Madrid အားကစားသမားများဖြစ်ကြသည့် Sergio Ramos, Marcelo, Isco and Lucas Vázquez တို့၏ ပြိုင်ပွဲမစခင် locker room အတွင်း ကြိုတင်ပြင်ဆင်ကြသည့်ပုံရိပ်များပါဝင်သော ဗီဒီယိုတစ်ခုကို စတင်မိတ်ဆက်မည်ဖြစ်သည်။ Brand နှစ်ခု၏ ဒီဂျစ်တယ် လွှမ်းမိုးမှုကြောင့် လူမှုကွန်ရက်လှုပ်ရှားမှုများသည် ဝယ်ယူသူများ၏ စိတ်ဝင်စားမှုအတွက် အဓိကဖြစ်လာလိမ့်မည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags