ထပ်မံဖြစ်လာမည့် အခမဲ့ရုပ်သံလိုင်းများတွင် မသန်စွမ်းများအတွက် ထည့်သွင်းစဉ်းစားပေးစေလို

ထပ်မံဖြစ်လာမည့် အခမဲ့ရုပ်သံလိုင်းများတွင် မသန်စွမ်းများအတွက် ထည့်သွင်းစဉ်းစားပေးစေလို

ရန်ကုန်၊ဒီဇင်ဘာ ၅။       ။ အခမဲ့ရုပ်သံလိုင်းများအဖြစ် ထုတ်လွှင့်ရန် ပြန်ကြားရေးဝန်ကြီးဌာနမှ ရွေးချယ်ထားသည့် ပုဂ္ဂလိကမီဒီယာကုမ္ပဏီများတွင် မသန်စွမ်းများအတွက် ထည့်သွင်းစဉ်းစားပေးစေလိုကြောင်း အကြားအာရုံချို့တဲ့သူများအတွက်သတင်းအချက်အလက်များရရှိပိုင်ခွင့်သေချာစေရေးစီမံကိန်း၏ နည်းပညာအကြံပေးဒေါ်ယုယုဆွေက ပြောသည်။

အကြားအာရုံချို့တဲ့သူများအတွက်သတင်းအချက်အလက်များရရှိပိုင်ခွင့်သေချာစေရေးစီမံကိန်းမိတ်ဆက်ပွဲအခမ်းအနားကို ယနေ့ဒီဇင်ဘာ၅ရက်နေ့၌ ရန်ကုန်မြို့Green Hill Hotelမှာကျင်းပခဲ့သည်။

၄င်းစီမံကိန်းတွင် ရုပ်သံလွှင့်မီဒီယာများဖြစ်သည့် DVB တီဗီသတင်းဌာနနှင့် MRTV တို့တွင် ထုတ်လွှင့်ပေးလျက်ရှိသော Sign Language အစီစဉ်များပိုမိုတိုးတက်ကောင်းမွန်လာစေရန်ရည်ရွယ်ထားသည်။

“မည်သို့ပင်ဖြစ်စေမသန်စွမ်းသူတွေထဲကအထူးသဖြင့်နားမကြားသူတွေအတွက် တစ်ခုခုသောအစီအစဉ်မှာ Sign Language(လက်ဟန်ဘာသာစကား)နဲ့ထည့်ပေးနိုင်မယ်ဆိုရင် ဒါဟာသူတို့ရဲ့မသန်စွမ်းသူတွေအပေါ်မှာအလေးထားမှုကိုတွေ့ရတာပေါ့နော် အဲဒီတော့သတင်းတွေမှာ Sign Languageနဲ့ထည့်ပေးတာမျိုးဖြစ်ချင်ဖြစ်ပါမယ် ဒါမှမဟုတ်မသန်စွမ်းသူတွေနဲ့ပတ်သတ်တဲ့ အသိပညာပေးတာတွေကိုအစီစဉ်တစ်ခုကိုလုပ်ပေးတာမျိုးအဲဒါမျိုးတွေအတွက်သွားပြီးဆွေးနွေးကြည့်ချင်ပါသေးတယ်”ဟုနည်းပညာအကြံပေးသူဒေါ်ယုယုဆွေက ပြောသည်။

Young Investment၊ ကောင်းမြန်မာအောင်၊ DVB၊ Mizzima၊ Fortune International စသည့် မီဒီယာကုမ္ပဏီများကိုဧပြီ(၁၁)ရက် တွင်  Content Providerအဖြစ် ပြန်ကြားရေးဝန်ကြီးဌာနမှ Free To Air(အခမဲ့ရုပ်သံလိုင်း)များအဖြစ် ထုတ်လွှင်စေရန် ရွေးချယ်ခဲ့သည်။

အဆိုပါလိုင်းများတွင် အကြားအာရုံမသန်စွမ်းသူများနားလည်စေရန် Sign Languageများဖြင့် တင်ဆက်ပေးစေလိုသည့်အပြင် အဆိုပါအလုပ်အကိုင်နေရာများအတွက်လည်းမသန်စွမ်းများကိုခန့်ထားစေလိုသည်ဟုပွဲတက်ရောက်လာသူအကြားအာရုံမသန်စွမ်းတစ်ဦးမှ ပြောသည်။

“ဘာသာပြန်မယ့်နေရာမှာထည့်လိုက်မယ်ဆိုရင် နားမကြားတဲ့သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းလည်းရရှိစေမှာဖြစ်ပါတယ်”ဟု ၄င်းမှ ဝင်ရောက်ဆွေးနွေးခဲ့သည်။

လက်ရှိအချိန်တွင် ရုပ်သံလိုင်းများဖြစ်သည့် DVB နှင့် MRTV တို့တွင်သာအကြားအာရုံမသန်စွမ်းများအတွက် Sign Languageဖြင့် တင်ဆက်ပေးလျက်ရှိသည်။

၂၀၁၄ခုနှစ် သန်းခေါင်စာရင်းစစ်တမ်းများအရလူဦးရေစုစုပေါင်း ၂,၃၁၁,၂၅၀ဦး သည် မသန်စွမ်းသူများဖြစ်ကြပြီး ၄င်းတို့ထဲမှ ၁.၃ရာခိုင်နူန်း၊ လူဦးရေ၆၅၃,၁၇၉.၃၄၉သည် အကြားအာရုံမသန်စွမ်းများ ဖြစ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly