လာမည့် အကယ်ဒမီထူးချွန်ဆုပေးပွဲတွင် အကယ်ဒမီဆုအမျိုးအစား အပြည့်အဝ ချီးမြှင့် မည်

လာမည့် အကယ်ဒမီထူးချွန်ဆုပေးပွဲတွင် အကယ်ဒမီဆုအမျိုးအစား အပြည့်အဝ ချီးမြှင့် မည်

ရန်ကုန် ဒီဇင်ဘာ ၅။               ။ လာမည့် ၂၀၁၇ ခုနှစ်၊ ရုပ်ရှင်အကယ်ဒမီထူးချွန်ဆု ပေးပွဲတွင် အကယ်ဒမီဆုအမျိုးအစားကို အပြည့် အဝ ထူးထူးခြားခြား ချီးမြှင့်နိုင်ရန်ဆောင်ရွက်နေ သည်ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောသည်။

လာမည့် ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံ၌ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှကျင်းပမည့် ၂၀၁၇ သင်းလုံးကျွတ် ညီလာခံ( ရုပ်ရှင်ညီလာခံ)နှင့်ပတ် သက်၍ ယနေ့ ဒီဇင်ဘာ ၅ ရက်နေ့၊ နံနက်ပိုင်းက ရန်ကုန်မြို့၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအစည်းအဝေး ခန်း မ၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

" ကျွန်တော်တို့ရုပ်ရှင်အစည်းအရုံး အလုပ်အမှု ဆောင်အဖွဲ့ကနေပြီးတော့ တရားဝင်ရွေးချယ်ဖွဲ့ စည်းမယ့် အကယ်ဒမီရွေးချယ်ရေးဘုတ်အဖွဲ့ကို တရားဝင်စာပို့သွားမှာပါ၊ လျာထားတဲ့ ၁၁ ဆုလုံး ကို အပြည့်အဝပေးပါလို့ စာပို့သွားမှာပါ၊ အရင်တုန်း ကလို ၅၀ ရာခိုင်နှုန်း မကျော်လို့ဆိုတဲ့ဟာမျိုး မဟုတ်တော့ပဲနဲ့၊ Best of the year တစ်နှစ် အတွင်း အကောင်းဆုံးဆု ၊အရင်တုန်းကလို ငါးဆယ်ကျော်ကျော်၊ မကျော်ကျော် မဲအများဆုံးရ ရင် သူ့ကိုပေးဖို့၊ ဒီနှစ် အကယ်ဒမီအတွက် ၁၁ ဆု လုံးချီးမြှင့်ဖို့ပါပဲ" ဟု့ ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောသည်။

ယခင်နှစ်များက ယခုအချိန်ဆိုလျှင် အကယ်ဒမီ ဘုတ်အဖွဲ့ ဖွဲ့စည်းပြီး၊ ရုပ်ရှင်ဇာတ်ကားများ စိစစ် နေပြီဖြစ်သော်လည်း ယခုနှစ်တွင် အစည်းအရုံး အနေနှင့် လုပ်ငန်းကိစ္စများပြားလွန်းသည့်အတွက် ယခုမှ အကယ်ဒမီဘုတ်အဖွဲ့နှင့် ဇာတ်ကား အမည် စာရင်းများတောင်းယူထားခြင်းများသာ ဆောင်ရွက် နိုင်သေးကြောင်း ၄င်းက ဆက်လက်ပြောသည်။ ထို့ပြင် အကယ်ဒမီနှင့်ပတ်သက်၍ လာမည့် ရုပ်ရှင် ညီလာခံတွင် ထည့်သွင်းဆွေးနွေးမှုများရှိမည် ဖြစ် သော်လည်း ယခုနှစ် အကယ်ဒမီကို ယခင်နှစ်များ က မူဝါဒအတိုင်းသာ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်သည်ဟု အစည်းရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြော သည်။

" အကယ်ဒမီအတွက် စည်းမျည်းစည်းကမ်းတွေ ထည့်သွင်းဆွေးနွေးသွားမှာဖြစ်ပေမယ့် ဒီနှစ် အတွက်ကတော့ ဘယ်လိုမှ အချိန်မမှီတော့ပါဘူး၊ အဲဒါကိုစဉ်းစားနေမယ်ဆိုလည်း ကျင်းပနေကျ မတ် လမှာတောင် ကျင်းပနိုင်မှာ မဟုတ်တော့ဘူး၊ ဒါကြောင့် အကယ်ဒမီဆုရွေးခြယ်ရေးမူကို အရင် နှစ်တွေက မူအတိုင်း ဆက်သွားပါ့မယ်" ဟု ဦးဇင်ဝိုင်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့က ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်တွင် ပြုလုပ်သည့် အကယ်ဒမီထူးချွန်ဆုချီးမြင့်ပွဲအခမ်းအနားတွင် ရုပ်ရှင်ဇာတ်ညွန်းဆုနှင့် အမျိုးသမီးဇာတ်ပို့ဆုများ ချီးမြှင့်ခဲ့ခြင်း မရှိခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly