2017 Ballon d’Or ဆုပေးပွဲအခမ်းအနားကို ပဲရစ်မြို့၊ အီဖယ်မျှော်စင်တွင် ဒီဇင်ဘာ ရ ရက်နေ့၌ ကျင်းပမည်

2017 Ballon d’Or ဆုပေးပွဲအခမ်းအနားကို ပဲရစ်မြို့၊ အီဖယ်မျှော်စင်တွင် ဒီဇင်ဘာ ရ ရက်နေ့၌ ကျင်းပမည်

ဒီဇင်ဘာ ၅၊ ပြင်သစ်။             ။ 2017 Ballon d’Or ဆုပေးပွဲအခမ်းအနားကို လာမည့် ဒီဇင်ဘာလ ရ ရက်နေ့တွင် ပဲရစ်မြို့၊ အီဖယ်မျှော်စင်၌ ကျင်းပပြုလုပ် သွားမည် ဖြစ်သည်။

Ballon d’Or ဆုကို ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ကြီးမှူးပေးအပ်ခြင်း ဖြစ်ပြီး L’Equipe က တိုက်ရိုက်ထုတ်လွှင့်ပြသမည် ဖြစ်သည်။ ဆုပေးပွဲအခမ်းအနားကို မြန်မာစံတော်ချိန် ည ၁၀ နာရီတွင် စတင်မည် ဖြစ်ပြီး စပါးကစားသမားဟောင်း ဒေးဗစ်ဂျီနိုလာက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်မည် ဖြစ်သည်။ ကမ္ဘာတစ်ဝှမ်းရှိ အားကစားကလောင်ရှင်ပေါင်း ၁၇၃ ယောက်က မဲပေးရွေးချယ်မည် ဖြစ်သည်။

2017 Ballon d’Or ဆုကို ရီးယဲလ်နှင့်ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုကသာ ရရှိမည်ဟု ရေပန်းစားလျက်ရှိနေပြီး Wikipedia စာမျက်နှာတွင် ဆုရရှိသူနေရာ၌ စီရော်နယ်ဒို၏နာမည်ကို ဖော်ပြထားသည်။

Ballon d’Or ဆုမှာ ၂၀၁၀ မှ ၂၀၁၅ ခုနှစ်အထိ ဖီဖာနှင့်ပူးပေါင်းခဲ့သော်လည်း ၂၀၁၆ ခုနှစ်တွင် ပြန်လည်ခွဲထွက်ပြီး ပြင်သစ်ဘောလုံးမဂ္ဂဇင်းမှသာ ကြီးမှူးပြီး ဆုပေးအပ်ချီးမြှင့်ခဲ့သည်။

စီရော်နယ်ဒိုသည် ပြီးခဲ့သည့်ရာသီက ရီးယဲလ်နှင့်အတူ ချန်ပီယံလိဂ်ဖလားနှင့် လာလီဂါဖလားတို့ကို ရရှိခဲ့သောကြောင့် FIFA The Best ဆုကို ရရှိထားသည်။ စီရော်နယ်ဒိုသာ 2017 Ballon d’Or ဆုကိုရမည်ဟု အားလုံးက သုံးသပ်ထားကြသည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required