မြန်မာ့အကောင်းဆုံးအလုပ်ရှင်ဆုရရှိသူများကို ဒီဇင်ဘာ ၉ ရက်နေ့တွင် ကြေညာ၍ ဆုချီးမြှင့်ပေးမည်

မြန်မာ့အကောင်းဆုံးအလုပ်ရှင်ဆုရရှိသူများကို ဒီဇင်ဘာ ၉ ရက်နေ့တွင် ကြေညာ၍ ဆုချီးမြှင့်ပေးမည်

ဒီဇင်ဘာ ၅ ၊ ရန်ကုန် ။            ။ မြန်မာနိုင်ငံ၏ ပထမဆုံးသော Myanmar Employer Awards 2017 ပွဲကြီးတွင် ပါ၀င်ယှဉ်ပြိုင်ကြပြီး ဆုရရှိသော ကုမ္ပဏီများကို လာမည့် ဒီဇင်ဘာလ ၉ ရက်နေ့ညတွင်   ကြေညာပေးသွားမည်ဖြစ်ပြီး ရန်ကုန်မြို့ဆူးလေ ရှန်ဂရီလာ ဟိုတယ်တွင်ဆုများ ချီးမြှင့်သွား မည် ဖြစ်ကြောင်း Jobnet.com.mm က သတင်းထုတ်ပြန်သည်။

အဆိုပါဆုများအား ပြည်တွင်းကုမ္ပဏီများအပြင် မြန်မာနိုင်ငံအတွင်း ဝင်ရောက်လုပ်ကိုင်နေသော ပြည်ပ ကုမ္ပဏီများကိုပါ ချီးမြင့်ပေး အပ်သွားမည်ဖြစ်ပြီး ဆုအမျိုးအစားများမှာ Overall Best of the Best ၊ People’s Choice Award ၊ Best Learning & Development ၊ Excellence in Workplace Environment ၊ Best Use of Internal Marketing for Company Pride ၊ Best Career Advancement Program နှင့် Best Use of Rewards & Recognition စသောဆုများဖြစ်ပြီး ၄၄ ဆုချီးမြှင့်ပေးသွားမည်ဖြစ်သည်။

၅ လခန့်ကြာသော အဆိုပါ ဆုရွေးချယ်ရေးအစီအစဉ်အတွင်း ပါ၀င်ယှဉ်ပြိုင်ကြသော ကုမ္ပဏီများကို ပြည်တွင်း ပြည်ပ သက်ဆိုင်ရာ ကျွမ်းကျင်သူများမှ အကဲဖြတ်ဒိုင်များအဖြစ် စိစစ်အကဲဖြတ်မှုများ   ပြုလုပ်ခဲ့ကြပြီးဆရာကြီးပါမောက္ခဒေါက်တာအောင်ထွန်းသက်က ဒိုင်ချုပ်အဖြစ်အကဲဖြတ်စီစစ်ပေးခဲ့ခြင်းဖြစ်သည်။

“ခုလို ဆုတွေကိုရရှိတော့မယ့် ကုမ္ပဏီတွေအတွက် ဂုဏ်ယူမိပါတယ်။ ပါ၀င်ယှဉ်ပြိုင်ခဲ့တဲ့ ကုမ္ပဏီတွေအားလုံးကိုလည်းကျေးဇူးတင်ပါ။ Myanmar Employer Awards ပွဲက နိုင်ငံအတွင်းရှိ   ပြည်တွင်းပြည်ပမှလုပ်ငန်းရှင်တွေ၊ နိုင်ငံတော်အစိုးရနဲ့ Community တစ်ခုလုံးကြားမှာ မြန်မာနိုင်ငံတိုးတက်မှုအရှိန်အဟုန်နှင့် စီးပွားရေး အကျိုးအမြတ်ရရှိနိုင်မှုများပိုမို ကောင်းမွန် အောင်မောင်းနှင်   နိုင်ရန် အတွက် Talent Management ရဲ့အရေးပါမှုကို သိရှိလာစေမှာဖြစ်ပါတယ်။”ဟု Jobnet.com.mm ၏ မန်းနေးဂျင်းဒါရိုက်တာ Matt De Luca ကပြောသည်။

ကုမ္ပဏီများ

Myanmar Employer Awards အတွက် လျောက်လွှာတင်ခဲ့သောကုမ္ပဏီများသည် အစားအသောက်နှင့် အဖျော်ယမကာ လုပ်ငန်း၊ ခရီးသွား လုပ်ငန်း၊ ဆက်သွယ်ရေး လုပ်ငန်း၊ FMCG ၊ ဖြန့်ချီရေးလုပ်ငန်းများ၊ ငွေကြေး ၀န်ဆောင်မှု လုပ်ငန်းများ၊ ဘဏ်များ၊ ဥပဒေအကျိုးဆောင်လုပ်ငန်းများ၊ ဆေးဝါးလုပ်ငန်းများ၊ ပညာရေးနှင့် သင်တန်းကျောင်းများ၊ နိုင်ငံအသီးသီးမှ ကုန်သည်အသင်းများ၊ လျှပ်စစ်လုပ်ငန်းများ၊ ဆောက်လုပ်ရေးလုပ်ငန်း ကုမ္ပဏီများ၊ ဆေးကုသမှုဝန်ဆောင်မှုလုပ်ငန်းများ စသည့် များပြားလှသော ကဏ္ဍများအတွက် လျောက်လွှာ ဖောင်များတင်ခဲ့ကြသည်။

အကဲဖြတ်လုပ်ငန်းစဉ်

အကဲဖြတ်လုပ်ငန်းစဉ်ကို နိုင်ငံတော်သမ္မတ၏ အကြံပေးဟောင်းလည်းဖြစ်၊ လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာကျွမ်းကျင်သူလည်း ဖြစ်သော ဆရာကြီး ပါမောက္ခဒေါက်တာ   အောင်ထွန်းသက်က ဦး ဆောင် သည်။ ဆရာကြီး သည် အခြား သော အကဲဖြတ်ဒိုင်များ ကိုဦးဆောင်၍ ပွင့်လင်းမြင်သာပြီး တရားမျှတသော အကဲဖြတ်လုပ်ငန်းစဉ်များကိုလုပ်ဆောင်ခဲ့ကြသည်။

Myanmar Employer Awards အတွက် ပလက်တီနမ်စပွန်ဆာများဖြစ်ကြသော Luther ဥပဒေအကျိုးဆောင်အဖွဲ့၊ Wall Street English တို့နှင့် ရွှေစပွန်ဆာများအဖြစ် Samsung and Power House Fitness Club တို့က ပံ့ပိုးပေးထားသည်။ Silver sponsor အဖြစ် Jotun နှင့် ထို့အပြင် အထောက် အကူပြုစပွန်ဆာအဖြစ် CCI-France Myanmar၊ မြန်မာနိုင်ငံ အမေရိကန်ကုန်သည်ကြီးများအသင်း မြန်မာနိုင်ငံ ဗြိတိန်ကုန်သည်ကြီးများအသင်း၊ က ပါ၀င်ပေးထားသည်။ ပွဲနေရာ ထိုင်ခင်း စပွန်ဆာ အဖြစ် ဆူးလေ ရှန်ဂရီလာ ဟိုတယ်မှ ထောက်ပံ့ပေးထားပြီး Verifying ပါတနာအဖြစ် Deloitte Touche Myanmar ကပါ၀င်ကူညီပေး ထားသည်။

Myanmar Employer Awards ဆိုသည်မှာ

Myanmar Employer Awards သည် အကောင်းဆုံးသောလုပ်ငန်းရှင်များနှင့် ပင်ကိုယ်စွမ်းရည် စီမံခန့်ခွဲမှုများအပေါ် ၎င်းတို့၏ သူမတူ စွမ်းရည်များနှင့် ကတိက ၀တ်များ ဖြည့်ဆည်းမှုအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နယ်ပယ် အသီးသီး ရှိ အလုပ်ရှင်များ ကို ဆုများချီးမြှင့်ခြင်းဖြစ်သည်။

နိုင်ငံတကာနှင့် ပြည်တွင်းကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ အလုပ်သမားများကို အကောင်ဆုံးစောင့်လျောက်နိုင်မှု၊ အလုပ်အကိုင်ပေးနိုင်မှု၊ ဆွဲဆောင်နိုင်မှု၊ စသောအလေ့အကျင့်ကောင်းများအတွက် ၎င်းတို့ကိုယ်တိုင်ကိုယ်ကျ အစီစဉ်များချမှတ်ဆောင်ရွက်ခြင်းအတွက် လွတ်လပ်မျှတစွာဆုံးဖြတ်မည့် ငါးလကြာအစီအစဉ်တစ်ခုဖြစ်သည်။ ဆုရွေးချယ်ရာတွင် နောက်ဆုံးကျန်ရှိသည့် ကုမ္ပဏီများစာရင်းကို နို၀င်ဘာလအတွင်း ကြေငြာပေးသွားမည်ဖြစ်ပြီး လာမည့်ဒီဇင်ဘာလ ၉ ရက်နေ့ညတွင် ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်တွင် ခမ်းနားစွာ ကျင်းပပေးသွားမည်ဖြစ်သည်။ အဆိုပါ Myanmar Employer Awards ကို JobNet.com.mm က ဦးဆောင်ကျင်းပခြင်းဖြစ်သည်။

JobNet.com.mm အကြောင်း

JobNet.com.mm ဟာမြန်မာ့ဦးဆောင်ရှေ့ပြေး အွန်လိုင်းအလုပ်အကိုင် ဝဘ်ဆိုဒ်ကြီးတစ်ခု ဖြစ်ပြီး လစဉ် ဝင်ရောက် ကြည့်ရှု့သူပေါင်း ၄ သိန်းကျော်ရှိပြီး အလုပ်လျှောက်လွာပေါင်း ၆ သောင်းကျော် ရရှိသော ဝဘ်ဆိုဒ်ကြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံရှိကြီးမားသော အလုပ်သမားခေါ်ယူသူများ အနေနဲ့ လည်း JobNet.com.mm အားအဓိကထား အားကိုးအသုံးပြုနေ ကြပြီဖြစ်ပါတယ်။ JobNet.com.mm အနေနဲ့လည်း မြန်နှုန်းမြင့်တိုးတက်မှုဖြင့် မြန်မာ နိုင်ငံဈေးကွက်အတွင်းရှိ အရည်အသွေး မြင့် ကျွမ်းကျင်အဆင့်ရှိ အလုပ်သမားရှာဖွေရာမှာ အဆင့်မြင့်ပြီး အကောင်း မွန်ဆုံးဝဘ်ဆိုဒ် အဖြစ်ပိုမိုရှင်း လင်း သိသာ လာစေခဲ့ပြီဖြစ်ပါတယ်။
###

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly