ပေါ့ဂ်ဘာ၏ ပြစ်ဒဏ်ကို အယူခံမဝင်ရန် မန်ယူဆုံးဖြတ်

ပေါ့ဂ်ဘာ၏ ပြစ်ဒဏ်ကို အယူခံမဝင်ရန် မန်ယူဆုံးဖြတ်

ဒီဇင်ဘာ ၅၊ အင်္ဂလန်  ။            ။ အာဆင်နယ်နှင့်ပွဲစဉ်တွင် အနီကတ်ပြသခံခဲ့ရသော ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာအတွက် မန်ယူအသင်းက အယူခံမဝင်ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။

ထို့ကြောင့် ပေါ့ဂ်ဘာသည် မန်စီးတီးနှင့်မန်ချက်စတာဒါဘီအပါအဝင် မန်ယူအသင်း၏လာမည့် ပရီးမီးယားလိဂ်ပွဲစဉ်သုံးပွဲကို လွဲချော်ရတော့မည် ဖြစ်သည်။

မန်ယူအသင်းက အာဆင်နယ်အသင်းကို အမ်းမရိတ်ကွင်း၌ ၁-၃ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် ပေါ့ဂ်ဘာသည် အာဆင်နယ်နောက်ခံလူ ဘယ်လာရင်၏ခြေထောက်ကို တက်နင်းခဲ့သောကြောင့် တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရခြင်း ဖြစ်သည်။

ပေါ့ဂ်ဘာကတော့ ဘောလုံးမှာ ၅၀-၅၀ အနေအထားဖြစ်ပြီး ဘယ်လာရင်ကို မတော်တဆတက်နင်းမိခဲ့ခြင်းသာဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ပေါ့ဂ်ဘာမှာ ဒဏ်ရာမှ ပြန်လည်သက်သာလာပြီးနောက်ပိုင်း မန်ယူအတွက် ပွဲစဉ်တိုင်းခြေစွမ်းပြနေသူ ဖြစ်သည်။ မန်ချက်စတာဒါဘီတွင် ပေါ့ဂ်ဘာမပါ၀င်နိုင်ခြင်းမှာ မန်ယူအတွက် ထိုးနှက်ချက် ဖြစ်လာမည် ဖြစ်သည်။

ရည်ညွှန်း အီးအက်စ်ပီအန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required