ဆိုင်ကလုန်းမုန်တိုင်း အိုခီကြောင့် မြန်မာနိုင်ငံဒေသ ၆ ခု အချိန်ခါမဟုတ် မိုးရွာနိုင်

ဆိုင်ကလုန်းမုန်တိုင်း အိုခီကြောင့် မြန်မာနိုင်ငံဒေသ ၆ ခု အချိန်ခါမဟုတ် မိုးရွာနိုင်

 

 ရန်ကုန် ၊ ဒီဇင်ဘာ ၅ ။             ။ အိန္ဒိယနိုင်ငံသို့ ၀င်ရောက်မည့် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အိုခီ(OCKHI) ကြောင့် ရန်ကုန် ၊ ရခိုင် ၊ ချင်း အပါအဝင် နေရာဒေသခြောက်ခု၌ မိုးရွာသွန်း နိုင်မည်ဟု မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဦးထွန်းလွင်က ခန့်မှန်းထားသည်။

မုန်တိုင်းအရှိန်ကြောင့် ရန်ကုန် ၊ ရခိုင် ၊ ချင်းပြည်နယ် ၊ ရှမ်းပြည်နယ် ၊ ဧရာဝတီတိုင်း ၊ ပဲခူတိုင်းတို့တွင် ဒီဇင်ဘာ ၈ ရက်နေ့မှ ၁၀ ရက်နေ့အတွင်း နေရာကွက်ကျား မိုးရွာသွန်းနိုင်သည်ဟု ဦးထွန်းလွင်က သတိပေးထားခြင်းဖြစ်သည်။

 OCKHI ဆိုင်ကလုန်းမုန်တိုင်းသည် နိုဝင်ဘာလကုန်ပိုင်းခန့်က စပြီး အာရေဗျပင်လယ်၌ စတင်တိုက်ခတ်နေခြင်းလည်း ဖြစ်သည်။ ယင်းမုန်တိုင်းသည် လမ်းကြောင်း ပြောင်းရွေ့လာကာ အိန္ဒိယနိုင်ငံ အနောက်ဘက်ကမ်းခြေကို ဒီဇင်ဘာ ၄ ရက်နေ့ နံနက်မှ စတင်ပြီး ဖြတ်ကျော်ဝင်ရောက်နိုင်သည်ကြောင်း သတိပေးထားသည်။

"မုန်တိုင်း OCHKI ဟာ မြောက်အရှေ့စူးစူးအရပ်ကိုဦးတည်ရွေ့လျှားနေပြီး မွန်ဘိုင်းမြို့ရဲ့အနီးမှဖြတ်ကျော်ကာ ကုန်းတွင်းသို့ဝင်ရောက်သွားမည်ဟုခန့်မှန်းပါတယ်။ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာလေဖိအားနည်း ရပ်ဝန်းဟာဆက်လက်ဖြစ်ပေါ်နေပြီး တဖြည်းဖြည်းပိုမိုအားကောင်းလာနိုင်ပါတယ်" ဟု ဦးထွန်းလွင် ကဆိုသည်။

 ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်း ရပ်ဝန်းသည် ၂၄ နာရီအတွင်း ပိုမိုအားကောင်း လာကာ မုန်တိုင်းငယ်တစ်ခုအဖြစ် ပြောင်းလဲလာနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှလည်း သတိပေးထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required