အက်ဖ်အေဖလား တတိယအဆင့်မှာ လီဗာပူးလ်-အဲဗာတန်၊ မန်ယူ-ဒါဘီ၊ ဖောရက်စ်-အာဆင်နယ်အသင်းတို့ တွေ့ဆုံ

အက်ဖ်အေဖလား တတိယအဆင့်မှာ လီဗာပူးလ်-အဲဗာတန်၊ မန်ယူ-ဒါဘီ၊ ဖောရက်စ်-အာဆင်နယ်အသင်းတို့ တွေ့ဆုံ
(ဓာတ်ပုံ - FA)

အက်ဖ်အေဖလား တတိယအဆင့် မဲခွဲမှုကို တနင်္လာနေ့က ပြုလုပ်ခဲ့ရာ မာဆေးဆိုက်ဒါဘီအသင်းများဖြစ်တဲ့ လီဗာပူးလ်နှင့် အဲဗာတန်တို့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး လက်ရှိချန်ပီယံ အာဆင်နယ်အသင်းက နော်တင်ဟမ်ဖောရက်စ်အသင်းနှင့် အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဦးဆောင်သူ မန်စီးတီးက အိမ်ကွင်းမှာ ဘန်လေကို လက်ခံကစားရမှာဖြစ်ပြီး မန်ယူအသင်းက အိမ်ကွင်းမှာ ဒါဘီအသင်း၊ ချယ်လ်ဆီးအသင်းက အဝေးကွင်းမှာ နောဝစ်ချ်အသင်း၊ စပါးအသင်းက အိမ်ကွင်းမှာ ဝင်ဘယ်လ်ဒန်အသင်း အသီးသီး ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

အဆိုပါအက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်များကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၅၊ ၆၊ ရ ရက်များမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်များ

Ipswich Town v Sheffield United
Watford v Bristol City
Birmingham City v Burton Albion
Liverpool v Everton
Brighton & Hove Albion v Crystal Palace
Aston Villa v Woking or Peterborough United
Bournemouth v AFC Fylde or Wigan
Coventry City v Stoke City
Newport County v Leeds United
Bolton Wanderers v Huddersfield Town
Port Vale v Bradford City
Nottingham Forest v Arsenal
Brentford v Notts County
Queens Park Rangers v MK Dons
Manchester United v Derby County
Forest Green Rovers or Exeter City v West Bromwich Albion
Doncaster Rovers v Rochdale
Tottenham Hotspur v AFC Wimbledon
Middlesbrough v Sunderland
Fleetwood or Hereford v Leicester City
Blackburn Rovers or Crewe Alexandra v Hull City
Cardiff City v Mansfield Town
Manchester City v Burnley
Shrewsbury Town v West Ham United
Wolverhampton Wanderers v Swansea City
Stevenage v Reading
Newcastle United v Luton Town
Millwall v Barnsley
Fulham v Southampton
Wycombe Wanderers v Preston North End
Norwich City v Chelsea
Gillingham or Carlisle United v Sheffield Wednesday

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required