အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ အကြီးဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုကြီး စတင်

အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ အကြီးဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုကြီး စတင်

ဒီဇင်ဘာ ၄ ။            ။ အမေရိကန်နဲ့ တောင်ကိုရီးယားတို့  လုပ်ဆောင်ခဲ့သမျှ စစ်ရေးလေ့ကျင့်မှုတွေထဲမှာ အကြီးဆုံးသော လေကြောင်းဆိုင်ရာ ပူးတွဲလေ့ကျင့်မှုကြီးတစ်ရပ်ကို ဒီဇင်ဘာ ၄ ရက်မှာ စတင်လိုက်ပြီ ဖြစ်ပါတယ်။

အားအပြင်းဆုံး တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်းကို  မြောက်ကိုရီးယားတို့ ပစ်လွှတ်ခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ ယခု ပူးတွဲ စစ်ရေးလေ့ကျင့်မှုကြီးကို အမေရိကန် နဲ့ တောင်ကိုရီးယားတို့ လုပ်ဆောင်လာကြတာဖြစ်ပါတယ်။

ယခု လုပ်ဆောင်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ မိမိတို့အပေါ် အဆုံးစွန် ရန်စသလို ဖြစ်နေကြောင်း မြောက်ကိုရီးယားဘက်က ပြောကြားထားပါတယ်။

ငါးရက်ကြာ လုပ်ဆောင်မယ့် စစ်ရေးလေ့ကျင့်မှုအတွင်း F-22 ဂျက်တိုက်လေယာဉ်တွေအပါအဝင် လေယာဉ်အစင်းရေ ၂၃၀ နဲ့အတူ တပ်ဖွဲ့ဝင်ဦးရေ ထောင်ချီ ပါ၀င်လေ့ကျင့်မယ်လို့ ဆိုးလ်မြို့ လေတပ်ဌာနချုပ်က ထုတ်ပြန်ပါတယ်။

ယခု ပူးတွဲစစ်ရေးလေ့ကျင့်မှုမတိုင်ခင် ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကပဲ ပြံုယမ်းအာဏာပိုင်တွေက အမေရိကန်နဲ့ မဟာမိတ်တွေအပေါ် ပြစ်တင် ပြောဆိုမှုတွေ ပြုလုပ်ထားပြီး အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ နျူကလီးယားစစ်ဖြစ်ချင်နေပုံ ရတယ်ဆိုပြီး စွပ်စွဲခဲ့ပါသေးတယ်။

ယခုလို အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုနဲ့အတူ ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ ပြန်လည် အရှိန်မြင့်တက်လာခြင်းဟာ အင်မတန် ၀မ်းနည်းစရာ ကောင်းလှတယ်ဆိုပြီး တရုတ် နိုင်ငံခြားရေးဝန်ကြီး ၀မ်ယီက ပြောကြားသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required