ထောက်ကြံ့တွင် စပါးကြီးမြွေတစ်ကောင်ကို မီးသတ်တပ်ဖွဲ့ ကူညီဖမ်းဆီး

ထောက်ကြံ့တွင် စပါးကြီးမြွေတစ်ကောင်ကို မီးသတ်တပ်ဖွဲ့ ကူညီဖမ်းဆီး
ဓာတ်ပုံ - MFSD

 

ရန်ကုန်၊ ဒီဇင်ဘာလ ၄ ။            ။ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြံ့မြို့၊ တောတိုက်ရပ်ကွက်၊ ဓမ္မရက္ခိတလမ်း၊ အမှတ် ၂/၁၇ နေအိမ်အတွင်းမှ အမျိုးသားလက်မောင်းလုံးခန့်ရှိ ၆ ပေအရှည် စပါးကြီးမြွေတစ်ကောင်အား ထောက်ကြံ့ မီးသတ်တပ်ဖွဲ့မှ ကူညီဖမ်းဆီးပေးခဲ့ကြောင်း အဆိုပါ မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက မဇ္စျိမသို့ပြောသည်။

ယနေ့ ဒီဇင်ဘာလ ၄ ရက်၊ နေ့လည် ၁၂ နာရီခွဲခန့်အချိန်တွင် တောတိုက်ရပ်ကွက်၊ ဓမ္မရက္ခိတလမ်း၊ အမှတ် ၂/၁၇ နေအိမ်အတွင်းသို့ မြွေတစ်ကောင်ဝင်ရောက်နေကြောင်း သတင်းအရ ထောက်ကြံ့မြို့ နယ်မီးသတ် တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် အင်အား ရ ဦးဖြင့် သွားရောက်ကူညီဖမ်းဆီးပေးခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရရှိသူများ မရှိကြောင်း သိရသည်။

“ မြွေက စပါးကြီးမြွေအမျိုးအစားပါ။ ၆ ပေလောက်ရှည်တယ်။ အဲ့ဒီက အကြောင်းကြားတော့ ကျွန်တော်တို့ စခန်းမှူး ဦးမြင့်ခိုင်အပါအဝင် တပ်ဖွဲ့အင်အား ရ ဦးနဲ့ သွားရောက်ကူညီပေးခဲ့တာပါ။ ဘာထိခိုက်မှု အန္တရာယ်မှ ဖြစ်ခဲ့တာတော့မရှိပါဘူး။ စပါးကြီးမြွေက အိမ်ထဲက မီးဖိုထောင့်နားမှာခွေနေတာ”ဟု ထောက်ကြံ့မြို့ နယ်မီး သတ်စခန်းမှ တာဝန်ရှိသူက ပြောသည်။

လက်ရှိတွင် အဆိုပါ ဖမ်းဆီးရမိခဲ့သည့် စပါးကြီးမြွေအား လှော်ကားဥယျာဉ်သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required