ချန်ပီယံလောင်းအားလုံး မန်စီးတီးခြေချော်ရန် မျှော်လင့်နေကြသည်ဟု ဖာဘရီဂက်စ်ဆို

ချန်ပီယံလောင်းအားလုံး မန်စီးတီးခြေချော်ရန် မျှော်လင့်နေကြသည်ဟု ဖာဘရီဂက်စ်ဆို

 

ဒီဇင်ဘာ ၄၊ အင်္ဂလန်  ။                        ။ ချယ်လ်ဆီးကွင်းလယ်ကစားသမား ဖာဘရီဂက်စ်က လက်ရှိအချိန်တွင် ချယ်လ်ဆီးအပါအဝင် ချန်ပီယံလောင်းအားလုံးက မန်စီးတီးအသင်းခြေချော်စေရန်   မျှော်လင့်နေကြသည်ဟု ပြောဆိုလိုက်သည်။

မန်စီးတီးအသင်းသည် ၀က်စ်ဟမ်းအသင်းကို အနိုင်ရရှိခဲ့သောကြောင့် တစ်ရာသီအတွင်း ပရီးမီးယားလိဂ်ပွဲစဉ် ၁၃ ပွဲဆက်တိုက် အနိုင်ရရှိသည့် ချယ်လ်ဆီးနှင့်အာဆင်နယ်တို့၏စံချိန်ကို လိုက်မီသွားခဲ့သည်။ လက်ရှိတွင် မန်စီးတီးအသင်းမှာ ရမှတ် ၄၃ မှတ်ရရှိထားပြီး ဒုတိယနေရာမှ မန်ယူကို ၈ မှတ်၊ တတိယနေရာမှ ချယ်လ်ဆီးကို ၁၁ မှတ်ဖြတ်ထားသည်။

“ကစားရမယ့်ပွဲတွေက အများကြီးကျန်ပါသေးတယ်။ ကျွန်တော်တို့အနေနဲ့ မန်စီးတီးအသင်းခြေချော်ဖို့ မျှော်လင့်ပါတယ်။ ဒါမှ သူတို့ကို ပိုပြီး ဖိအားပေးနိုင်မှာပါ။ မန်စီးတီးအသင်းဟာ နံပါတ်တစ်နေရာမှာ ထိုက်ထိုက်တန်တန်ရပ်တည်နေတာပါ။ ကျွန်တော်တို့ကတော့ ကိုယ့်အလုပ်ကိုယ်အကောင်းဆုံးလုပ်နေဖို့ပဲ လိုအပ်ပါတယ်” ဟု ဖာဘရီဂက်စ်က ပြောဆိုခဲ့သည်။

မန်စီးတီးအသင်းသည် လာမည့်ပရီးမီးယားလိဂ်ပွဲစဉ်(၁၆)တွင် မန်ယူအသင်းနှင့် အဝေးကွင်းတွင်သွားရောက်ယှဉ်ပြိုင်ရမည် ဖြစ်ပြီး ပွဲစဉ်(၁၈)တွင် စပါးအသင်းကို အိမ်ကွင်းတွင် လက်ခံကစားရမည် ဖြစ်သည်။ရည်ညွှန်း စကိုင်းစပို့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly