အောင်မြင်မှု၊ အနာဂတ်အနုပညာလုပ်ငန်းတို့နှင့် ပတ်သက်၍ ဟွမ်ဘင်းဆွေးနွေး

အောင်မြင်မှု၊ အနာဂတ်အနုပညာလုပ်ငန်းတို့နှင့် ပတ်သက်၍ ဟွမ်ဘင်းဆွေးနွေး

တောင်ကိုရီးယား၏ နာမည်ကျော်သရုပ်ဆောင်မင်းသား ဟွမ်ဘင်းသည် အနာဂတ်တွင်လုပ်ကိုင်သွားမည့် သူ၏ အနုပညာလုပ်ငန်းများနှင့်ပက်သက်၍ မကြာသေးခင်ကပြုလုပ်ခဲ့သော အင်တာဗျူးတစ်ခု၌ ဆွေးနွေးပြောဆိုခဲ့ သည်။

My Name Is Kim Sam Soon၊ World’s Within နှင့် Secret Garden တို့ကဲ့သို့သော နာမည်ကြီးရုပ်သံဇာတ် လမ်းများနှင့်အတူ နာမည်ကျော်ကြားလာခဲ့သည့် ဟွမ်ဘင်းသည် ကိုရီးယား၌အောင်မြင်ကျော်ကြားသည့် မင်းသားများထဲမှ တစ်ဦးဖြစ်သည်။

ဟွမ်ဘင်းက “အနုပညာကြယ်ပွင့်တစ်ပွင့်ဆိုတာ ဖြစ်ချင်တိုင်းဖြစ်လာတဲ့အရာမဟုတ်ပါဘူး။ ပါရမီရှိမှဖြစ်လာတဲ့ အရာပါ။ဒါကြောင့်ဒီအတွက် ကျနော်ဝမ်းသာကျေနပ်ပါတယ်။ ဒါပေမယ့်လည်း ကျနော့်အသက်တဖြည်းဖြည်း ကြီးလာတာနဲ့အမျှ အောင်မြင်မှုဟာလည်း တဖြည်းဖြည်းလျော့ကျသွားမယ်ဆိုတာ ကျနော်နားလည်ထားပါ တယ်” ဟု ပြောဆိုခဲ့သည်။

“မင်းသားငယ်လေးတွေဟာ တက်တက်ကြွကြွနဲ့ အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေကြပါတယ်။ သူတို့ရဲ့ အောင်မြင်မှုဟာ ဆက်ပြီးတော့မြင့်တက်လာဦးမှာပါ။ ဒါကြောင့်အတက်ပြီးရင် အဆင်းပဲရှိတော့တယ်ဆိုတာ ကျနော်ယုံကြည်ထားပါတယ်” ဟု ဟွမ်ဘင်းက ရှင်းလင်းပြောဆိုခဲ့သည်။

“အောင်မြင်မှုကျဆင်းလာရင်တော့ ပြန်တက်လာအောင်လုပ်ဖို့ထက် ကျနော်ကတော့ အကျသက်သာဖို့ပဲ စဉ်းစားထားပါတယ်” ဟု ဟွမ်ဘင်းက ပြောဆိုခဲ့သည်။

ဆက်လက်ပြီး ဟွမ်ဘင်းက အနာဂတ်တွင် သူသည် ဗီလိန်ဇာတ်ကောင် သို့မဟုတ် ကိုယ်ရံတော်ဇာတ်ကောင် နေရာမှ သရုပ်ဆောင်သွားဖို့ရှိကြောင်း ဖွင့်ဟပြောဆိုခဲ့သည်။ သူက “ကျနော် MBC ရဲ့ Island ဆိုတဲ့ဇာတ်လမ်း ရိုက်ကူးရေးစတင်ကတည်းက ဒီအကြောင်းတွေးနေခဲ့တာပါ။ ကျနော့်အသက်ကြီးလာတဲ့အခါ ကိုယ်ရံတော် ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်သွားချင်ပါတယ်။ ကျနော်ငယ်ငယ်လေးကတည်းက ဒီအလုပ်ဟာ စိတ်ဝင်စားဖို့ကောင်းတယ်လို့ တွေးနေခဲ့ဖူးပါတယ်” ဟု ပြောခဲ့သည်။

ဟွမ်ဘင်းသည် မကြာသေးခင်က The Swindlers ဆိုသော မှုခင်းအက်ရှင်ဇာတ်ကား၌ ခေါင်းဆောင်မင်းသား နေရာမှ ပါ၀င်သရုပ်ဆောင်ထားခဲ့သည်။ ယင်းဇာတ်ကားသည် စတင်ထွက်ရှိသည့်အချိန်မှ ၈ ရက်အတွင်း ကြည့်ရှုသူ ၂ သန်းခန့် စံချိန်တင်ရရှိခဲ့သည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required