အမေရိကန်ရုံဝင်ငွေဇယား၌ ထိပ်ဆုံးမှ ဆက်လက်ဦးဆောင်နေသည့် Coco

အမေရိကန်ရုံဝင်ငွေဇယား၌ ထိပ်ဆုံးမှ ဆက်လက်ဦးဆောင်နေသည့် Coco

Disney နှင့် Pixar တို့မှ ပူးပေါင်းဖန်တီးသည့် အန်နီမေးရှင်းဇာတ်ကား Coco သည် ယခုအပတ်တွင်လည်း ရုံဝင်ငွေ ဒေါ်လာ၂၆.၁ သန်းခန့်ရရှိခဲ့ပြီး မြောက်အမေရိကရုံဝင်ငွေဇယား၏ ထိပ်ဆုံးနေရာ၌ ဆက်လက် ဦးဆောင်နေသည်။

ရုံဝင်ငွေဇယား၏ဒုတိယနေရာတွင် ပြသသည်မှာ ၃ ပတ်အထိရှိပြီဖြစ်သည့် DC Entertainment နှင့် Warner Bros စတူဒီယိုပူးပေါင်းတက်ဆက်သည့် Justice League ရုပ်ရှင်က ယခုအပတ်ရုံဝင်ငွေ ၁၆.၇ သန်းဖြင့် ရပ်တည်လျက်ရှိသည်။

ဇယား၏တတိယနေရာတွင် Lionsgate မှထုတ်လုပ်သည့် Wonder ဇာတ်ကားက ရုံဝင်ငွေ ၁၂.၅သန်းဖြင့် ရပ်တည်နေပြီး ပြသသည်မှာ ငါးပတ်ခန့်ရှိပြီဖြစ်သည့် Disney နှင့် Marvel တို့မှပူးပေါင်းထုတ်လုပ်သည့် Thor: Ragnarok ဇာတ်ကားက ရုံဝင်ငွေ ၉.၇ သန်းဖြင့် နံပါတ်လေးနေရာ၌ ရပ်တည်နေသည်။ ဇယား၏နံပါတ် ၅ နေရာတွင် ပြသသည်မှာ လေးပတ်ခန့်ရှိပြီဖြစ်သည့် Daddy’s Home 2 က ရုံဝင်ငွေ ရ သန်းဖြင့်ရပ်တည်နေပြီး မင်းသားကြီး ဂျော်နေးဒပ်ဦးဆောင်ပါ၀င်ထားသည့် Murder on the Orient Express ဇာတ်ကားက ရုံဝင်ငွေ ၆.၇ သန်းဖြင့် နံပါတ် ၆ နေရာ၌ ရပ်တည်လျက်ရှိသည်။

Coco ဇာတ်ကားသည် လက်ရှိအချိန်တွင် အမေရိကန်ပြည်တွင်းရုံဝင်ငွေ ၁၀၈.၇ သန်းခန့်ရရှိနေပြီး နိုင်ငံရပ်ခြား ရုံဝင်ငွေလည်း ၁၇၁ သန်းကျော်ခန့် ရရှိထားသည်။ ယင်းဇာတ်ကားသည် မက္ကစီကိုရိုးရာဓလေ့ကိုအခြေခံကာ ဂီတပညာရှင်ဖြစ်ချင်သည့် အသက် ၁၂နှစ်အရွယ်ကောင်လေး၏ စွန့်စားခန်းများကို ဇာတ်အိမ်တည်၍ ရိုက်ကူး ထားခြင်းဖြစ်သည်။ လူကြိုက်များလျက်ရှိသော Coco သည် ရုပ်ရှင်များကို အဆင့်သတ်မှတ်ချက်ပေးနေသည့် Rotten Tomatoes ၀က်ဘ်ဆိုက်၌လည်း ၉၇% ခန့်အထိ ရရှိထားကြောင်း သိရသည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required