အာစင်ဝင်းဂါးနှင့်အာဆင်နယ် ပရီးမီးယားလိဂ်ဖလားရမည်မဟုတ်ဟု ကစားသမားဟောင်း တိုနီအဒမ် ဝေဖန်

အာစင်ဝင်းဂါးနှင့်အာဆင်နယ် ပရီးမီးယားလိဂ်ဖလားရမည်မဟုတ်ဟု ကစားသမားဟောင်း တိုနီအဒမ် ဝေဖန်

 

ဒီဇင်ဘာ ၄၊ အင်္ဂလန် ။                           ။ အာဆင်နယ်အသင်း၏အသင်းခေါင်းဆောင်ဟောင်း တိုနီအဒမ်က နည်းပြ အာစင်ဝင်းဂါးနှင့်ဆိုလျှင် အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ဖလား ရတော့မည်မဟုတ်ဟု ပြောဆိုလိုက်သည်။

အာဆင်နယ်အသင်းသည် ပြီးခဲ့သည့်စနေနေ့က မန်ယူကိုရှုံးနိမ့်ခဲ့ပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးမှ မန်စီးတီးနှင့် ၁၅ မှတ်အထိကွာဟသွားပြီ ဖြစ်သည်။

“အာစင်ဝင်းဂါးရဲ့စာချုပ်သက်တမ်းက ၁၈ လကျန်ပါသေးတယ်။ ကောင်းပါပြီ။ အာစင်ဝင်းဂါးနဲ့ အာဆင်နယ် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင် သေးလားလို့ မေးရင်။ မဖြစ်နိုင်တော့ဘူးလို့ ကျွန်တော် ဖြေမှာပါ။ သူ့အသက်က ၆၇ နှစ်ရှိပါပြီ။ သူကတော့ သူသေမှ အနားယူမယ်လို့ ပြောထားပါတယ်။ ဒါကြောင့် ခင်ဗျားတို့အနေနဲ့သူအနားယူသွားတာကို တွေ့ရမှာ မဟုတ်ပါဘူး” ဟု တိုနီအဒမ်က ပြောဆိုခဲ့သည်။

တိုနီအဒမ်သည် အာစင်ဝင်းဂါး၏လက်အောက်တွင် ကစားခဲ့ဖူးသူဖြစ်ပြီး ပရီးမီးယားလိဂ်ဖလားနှင့်အက်ဖ်အေဖလားပြိုင်ပွဲ များတွင် အတူတကွအောင်မြင်မှုများ ရယူနိုင်ခဲ့ကြသည်။ သို့သော် အဒမ်သည် အနားယူပြီးနောက်တွင် အာစင်ဝင်းဂါးနှင့် ပြဿနာဖြစ်ပွားပြီး အာဆင်နယ်အသင်းသို့ ပြန်လာခွင့်မရသည့် ကစားသမားဟောင်းတစ်ဦး ဖြစ်သည်။

အာဆင်နယ်အသင်းကို အာစင်ဝင်းဂါးစတင်ကိုင်တွယ်ခဲ့သည့် ပထမဆုံး ၈ နှစ်တွင် ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်အထိရခဲ့သော်လည်း ထို့နောက်ပိုင်းတွင် အာဆင်နယ်တို့ ပရီးမီးယားလိဂ်ဖလားမရသည်မှာ ၁၄ နှစ်ရှိသွားပြီ ဖြစ်သည်။

ရည်ညွှန်း စကိုင်းစပို့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required