(၁၁)လအတွင်း ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမကြီးပေါ် ယာဉ်မတော်တဆဖြစ်မှုများကြောင့် လူ (၁၀၉)ဦး သေဆုံး

(၁၁)လအတွင်း ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမကြီးပေါ် ယာဉ်မတော်တဆဖြစ်မှုများကြောင့် လူ (၁၀၉)ဦး သေဆုံး
(ဓာတ်ပုံ - အီးပီအေ)

၂၀၁၇ ခုနှစ်ရဲ့ ၁၁ လတာအတွင်း ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမကြီးပေါ်မှာ ယာဉ်မတော်တဆဖြစ်မှုများကြောင့် စုစုပေါင်း လူ ၁၀၉ ဦး သေဆုံးပြီး ၈၀၀ ဦးခန့် ဒဏ်ရာရရှိခဲ့တယ်လို့ ဆင်ဟွာသတင်းက ဖော်ပြထားပါတယ်။

ယာဉ်မဆင်မခြင် မောင်းနှင်မှု၊ လမ်းပျက်စီးမှု၊ ရပ်တန့်ယာဉ်များနှင့် အခြားသောအကြောင်းရင်းများကြောင့် ယခုနှစ်အတွင်း အမြန်လမ်းမကြီးပေါ်မှာ စုစုပေါင်း ယာဉ်မတော်တဆဖြစ်မှု ၅၀၀ ခန့်ဖြစ်ပွားခဲ့ပါတယ်။

အဝေးပြေးလမ်းမကြီးတစ်လျှောက် ယာဉ်အသွားအလာ လုံခြံုမှုကို မြှင့်တင်ရန် ရည်ရွယ်တဲ့အနေနဲ့ ၂၀၁၂ ခုနှစ်နောက်ပိုင်း လမ်းဘေးကင်းလုံခြံရေး ရဲတပ်ဖွဲ့များရဲ့ အရေအတွက်ကို တိုးမြှင့်ထားပြီး အဝေးပြေးလမ်းတစ်လျှောက်မှာ ရဲစခန်း ၁၆ ခု ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required