စတုတ္တမြောက်အော်ပရေတာ My Tel က ၂၀၁၈ ဇန်နဝါရီတွင် ဖုန်းဆင်းကတ်များ စတင်ဖြန့်ဝေမည်

စတုတ္တမြောက်အော်ပရေတာ My Tel က ၂၀၁၈ ဇန်နဝါရီတွင် ဖုန်းဆင်းကတ်များ စတင်ဖြန့်ဝေမည်

 

ရန်ကုန် ဒီဇင်ဘာ ၃ ။           ။ မြန်မာနိုင်ငံတွင် အသစ်ထပ်မံရင်းနှီးမြှုပ်နှံနေသည့် ဖုန်းအော်ပရေတာသစ်တစ်ခုဖြစ်သည့် My Tel ကုမ္ပဏီက လာမည့် ၂၀၁၈ ခုနှစ်တွင် ဖုန်းဆင်း ကတ်များကို စတင်ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

အစိုးရက စတုတ္ထမြောက် ဆက်သွယ်ရေး အော်ပရေတာအဖြစ် လုပ်ကိုင်ခွင့်ပြုထားသော MyTel အနေဖြင့် ၂၀၁၈ခုနှစ်၊ ဇန်နဝါရီ လမှ စတင်၍ ဖုန်းဆင်းကတ် ၁၀ သန်းခန့်ကို ပထမဆုံး အကြိမ် ရောင်းချပေးသွားမည် ဖြစ်ကြောင်း MyTel ၏ တရားဝင်Facbook စာမျက်နှာတွင် ကြေညာထားသည်။

My Tel ကုမ္ပဏီသည် ဗီယက်နမ်အခြေစိုက် Viettel ကုမ္ပဏီနှင့် ပြည်တွင်းကုမ္ပဏီများဖြင့် ဖွဲ့ စည်းထားသည့် Myanmar National Telecom Holdings တို့ဖြင့် ပူးပေါင်းဆောင်ရွက်၍ ပြည် တွင်းရင်းနှီးမြှုပ်နှံမှု ၄၉ သန်းခန့်ဖြင့် ရင်းနှီးမြှုပ်နှံ ထားကြောင်း သိရသည်။

My Tel ဖုန်းနံပါတ်မှာ ၀၉၆… ဖြင့် စတင်မည် ဖြစ်ပြီး (2G,3G,4G) ဂဏန်း ၁၁ လုံး ပါဝင်မည်ဖြစ် ကာ ပထမဆုံး ဆင်းကတ် ၁၀ သန်းခန့်စတင် ထုတ် သွားမည်ဖြစ်သည်။ လက်ရှိအချိန်တွင် ဆက်သွယ် ရေးတာဝါတိုင် ကွန်ရက်များ ၅၀ ရာခိုင်နှုန်း ဆောင် ရွက်ပြီးစီးနေပြီဖြစ်သည်။

မြန်မာနိုင်ငံ၏ လက်ရှိဆက်သွယ်ရေးအော်ပရေတာ ၃ ခုသည် ဖုန်းခေါ်ဆိုခများနှင့် အင်တာနက် အသုံးပြုခနှုန်းထားများကို လျှော့ချ၍ စျေးကွက် ဆွဲဆောင်မှုအနေအထားများ အပြိုင်အဆိုင်ပြုလုပ် လျှက် ရှိသည်။

လက်ရှိအနေအထားတွင် ဆက်သွယ်ရေးအော်ပရေ တာ ၃ ခုဖြစ်သည့် MPT၊ Telenor နှင့် Ooredoo တို့တွင် အစိုးရ၏ မြန်မာဆက်သွယ်ရေး MPT အော်ပရေတာသည် စျေးကွက်ဝေစု အများဆုံးရရှိ နေသည်။ MPT က စျေးကွက်ဝေစု ၄၄ ရာခိုင်နှုန်း၊Telenor က စျေးကွက်ဝေစု ၃၇ ရာခိုင်နှုန်းနှင့် Ooredoo က ၁၉ ရာခိုင်နှုန်း အနေအထား စျေးကွက် ရရှိနေကြောင်း သိရသည်။

ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာလုပ်ငန်းများ ရင်းနှီးမြှုပ်နှံလာခြင်းသည် အသုံးပြုများအနေ ဖြင့် ရွေးချယ်ခွင့်တိုးလာစေမည့်အပြင် အပြိုင် အဆိုင် စျေးကွက်ဆွဲဆောင်မှုများကြောင့်၊ ဖုန်းပြောခနှင့် အင်တာနက်အသုံးပြုခများ ပိုမိုသက်သာလာ ၍ အော်ပရေတာများ၏ ဝန်ဆောင်မှုအပိုင်းနှင့် အရည်အသွေးပိုင်း များ ပိုမိုကောင်းမွန်လာစေမည် ဟု ဖုန်းအသုံးပြုသူများကလည်း ခန့်မှန်းပြောဆိုနေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required