မေသန်းနု၏ ခြံဝင်းအတွင်းသို့ ဝင်ရောက်ဖျက်ဆီးမှုကို တိုင်းရဲတပ်ဖွဲ့မှ စစ်ဆေးနေ

မေသန်းနု၏ ခြံဝင်းအတွင်းသို့ ဝင်ရောက်ဖျက်ဆီးမှုကို တိုင်းရဲတပ်ဖွဲ့မှ စစ်ဆေးနေ

ရန်ကုန် ဒီဇင်ဘာ ၃ ။             ။ ရုပ်ရှင်သရုပ်ဆောင် မေသန်းနု၏ နေအိမ်ဝန်းအတွင်း ဝင်ရောက်ဖျက်ဆီးသည့်အမှုဖြစ်စဉ်ကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က စစ်ဆေးဆောင် ရွက်နေကြောင်း သိရသည်။

ခြံဝင်းတံခါးကို အမျိုးသားတစ်ဦးက ကားဖြင့်တိုက် ဖွင့်ပြီး ခြံဝင်းအတွင်း ရပ်ထားသည့် သူမ၏ Alphard မော်တော်ယာဉ်ကိုုထုခွဲခဲ့သည်ဟု ကာယကံရှင် သရုပ်ဆောင်မေသန်းနုကိုယ်တိုင် လာရောက်အမှုဖွင့်ထားခြင်း ဖြစ်ကြောင်း ဒဂုံမြို့ သစ်(မြောက်ပိုင်းရဲစခန်း)က ယနေ့ ဒီဇင်ဘာ ၃ ရက် နေ့တွင် မဇ္ဈိမသို့ အတည်ပြုပြောကြားသည်။

“အဲဒါ ဟုတ်ပါတယ်၊ တိုင်းရုံးက ကိုင်နေတာပါ၊ ဒီသတင်းက တစ်အားဟော့နေတော့ တိုင်းရုံးက ဆောင်ရွက်နေတာ၊ အသေးစိတ် အဲဒီကို မေးကြည့် ပါ”ဟု တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၃၀ ရက် ည ၁၁ နာရီခွဲဝန်း ကျင်က ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ (၂၇) ရပ်ကွက်၊ ရွှေပင်လုံအိမ်ရာ အပိုင်း (၁)၊ ရွှေနှင်းဆီလမ်းရှိ ရုပ် ရှင်သရုပ်ဆောင် မေသန်းနု(ခ) ဒေါ်သန်းသန်းဆင့် ၏နေအိမ်တံခါးကို အသက် ၅၀ ခန့်အရွယ် အမျိုး သားတစ်ဦးက မာစီဒီးယာဉ်ဖြင့် ဝင်တိုက်ပြီးနောက် နေအိမ်ခြံဝင်းအတွင်း ဝင်ရောက်၍ သူမစီးနင်း၏ Alphard အဖြူရောင်ယာဉ်ကို ခဲ၊ ပန်းအိုးတို့ဖြင့် ထုရိုက်ဖျက်ဆီးကာ နေအိမ်ထဲ ဝင်ရောက်ရန် ကြံစည်ခဲ့သည်ဟု ကာယကံရှင် သရုပ်ဆောင် မေသန်း နုက ဒီဇင်ဘာလ ၁ ရက် ညနေပိုင်းတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့မ ရဲစခန်းသို့ လာရောက် အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုကို ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့မရဲ စခန်းက (ပ) ၁၈၁၈/ ၁၇၊ အိမ်ကျော်နင်းမှု ရာဇ သတ်ကြီး ပုဒ်မ ၄၅၀/ အကျိုးဖျက်ဆီးမှုကို ကျူး လွန်မှု ရာဇသတ်ကြီးပုဒ်မ ၄၂၇ ဖြင့်အမှုဖွင့် အရေး ယူခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဆက် လက်စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly