လူမှုကွန်ယက်ပေါ်တွင် ကိုးကွယ်ရာဘာသာအပေါ် အခြေခံ၍တိုက်ခိုက်ခြင်းသည် သာမန်အရပ်သား အမြင်ဟု ကိုမြအေး ပြော

လူမှုကွန်ယက်ပေါ်တွင် ကိုးကွယ်ရာဘာသာအပေါ် အခြေခံ၍တိုက်ခိုက်ခြင်းသည် သာမန်အရပ်သား အမြင်ဟု ကိုမြအေး ပြော

ရန်ကုန် ဒီဇင်ဘာ ၂ ။             ။ ၈၈ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ နှုတ်ထွက်လိုက်ပြီးနောက် ကိုးကွယ်ရာဘာသာအပေါ် အခြေခံ၍ လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် မိမိအားဝေဖန်တိုက်ခိုက်နေမှုများသည် သာမန် အရပ်သားအမြင်ဖြင့် ပြောဆိုရေးသားကြခြင်းသာ ဖြစ်သည်ဟု ၈၈ မျိုးဆက်ကျောင်းသား ကိုမြအေး က ပြောသည်။

၈၈ ငြိမ်းပွင့်မှ နှုတ်ထွက်ခဲ့ခြင်းနှင့်ပတ်သက်၍ ဒီဇင်ဘာ ၁ ရက်နေ့က မဇ္ဈိမ၏မေးမြန်းတင်ဆက်မှုတွင် ကိုမြအေးက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ် သည်။

"လူတစ်ယောက်ကို နိုင်ငံရေးအရ ပြောသင့်တယ်၊ အခုက လူတစ်ယောက်ကို ချစ်ရင် တော်တော်များ များက မပြောဘူး၊ နည်းနည်းလေး မုန်းပြီဆိုရင် အကုန်ပြောပြီ၊ သာမန်အရပ်သားအမြင်   ဖြစ်နေတယ်၊ နိုင်ငံရေးမှာ Principle နဲ့ပဲ တိုင်းတာတယ်၊ ချစ်ခြင်း မုန်းခြင်းက ဒုတိယနေရာမှာပဲရှိတယ်၊ ကျွန်တော် ဒဲ့ပဲ ပြောမယ်၊ နိုင်ငံရေးအရ မပြောနိုင် မဆိုနိုင်တဲ့အခါကျတော့ ဒီလူရဲ့အားနည်းချက်ကို လိုက်ရှာတယ်၊ ဒီလူ ကိုးကွယ်ရာ ဘာသာမတူတဲ့ အခါ ဟုတ်တာရော၊ မဟုတ်တာရော လုပ်ကြံ ပြော ကြတယ်၊ အထူးအထွေ မရှင်းတော့ဘူး၊ ဒီလောက်ပါပဲ" ဟု ကိုမြအေးက ပြောသည်။

လူမှုကွန်ယက်ပေါ်တွင် ကိုးကွယ်ရာဘာသာ မတူညီမှု၊ အမြင်ကွဲပြားမှုများအပေါ် အခြေခံကာ ပြောဆို ဝေဖန်ခြင်းများ ရှိနေသည်။

"တုံ့ပြန်ဖို့ ကျွန်တော့်မှာ အစီအစဉ်မရှိဘူး၊ ဘာဖြစ် လို့လည်းဆိုတော့ ဘယ်လောက်ပဲ ကောင်းအောင် လုပ်လုပ်၊ အပြစ်ရှာတဲ့သူကတော့ ရှာနေမှာပဲ၊ ပြော နေမှာပဲ၊ အဲဒီတော့ ကျွန်တော်တို့ရဲ့ နေထိုင်မှုဘဝ က အတော်ကျပ်တည်းတယ်၊ ဒါ ရိုးရိုးရှင်းရှင်း ပြော ရရင်၊ သွားတာလာတာ နေတာထိုင်တာကအစ ကျွန်တော်တို့က ဆင်ခြင်ရတယ်၊ ကျွန်တော်တို့ နိုင်ငံမှာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ နေကြတာ လေ၊ နိုင်ငံသား၊ နိုင်ငံခြားသားဆိုပြီး ရှိတယ်၊ ဒီအခြေခံနဲ့စဉ်းစားမယ်ဆိုရင် လူမျိုးဘာသာဆိုတာ ထည့်စဉ်းစားစရာကို မလိုတော့တာ" ဟု ကိုမြအေး က ပြောသည်။

ကိုမြအေးသည် နိုဝင်ဘာလ ၂၉ ရက်နေ့က ကိုမင်​းကိုနိုင်​နှင်​့​တွေ့ဆုံဆွေးနွေး၍ နှုတ်​ထွက်​ခဲ့ ခြင်းဖြစ်သည်။ ၈၈ ငြိမ်းပွင့်တွင် ဆက်လက်လုပ် ကိုင်ရန် ဆန္ဒမရှိသည့်အတွက်သာ   နှုတ်ထွက်ခြင်း ဖြစ်ပြီး၊ နိုင်ငံရေးမှ ကျောခိုင်းလိုက်ခြင်းမဟုတ်သလို၊ ကိုကိုကြီး ဦး​ဆောင်နေသည့် နိုင်​ငံ​ရေးပါတီ ဖြစ်​​မြောက်​​ရေးဘက်​တွင်​လည်​း ပါဝင်​ဆောင်​ရွက် ရန်မဟုတ်​​ဟု ၈၈ မျိုးဆက်ကျောင်းသား ကိုမြအေး က ပြောသည်။

လက်ရှိအနေအထားတွင် ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ၈၈ မျိုးဆက်ကျောင်း သားများဖြစ်ကြသော ဦးကိုကိုကြီး၊ ကိုထွန်းမြင့် အောင် ၊ကိုစိုးထွန်း၊ ကိုအောင်သူ၊ မသက်သက် အောင်၊ မမာမာဦးနှင့် မမီမီလွင် တို့ နှုတ်ထွက်ခဲ့ ကြပြီး၊ ဦးကိုကိုကြီးသည် နိုင်ငံရေးပါတီတစ်ရပ် ထူ ထောင်နိုင်ရန် ကြိုးပမ်းနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required