ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိ

ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိ
Photo-Myanmar State Counsellor Office

ရန်ကုန် ၊ ဒီဇင်ဘာ ၃ ။           ။ တရုတ်နိုင်ငံသို့ အလုပ်သဘော ချစ်ကြည်ရေး ခရီးသွားရောက်ခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့ ဒီဇင်ဘာ ၂ ရက်နေ့ ညနေပိုင်းက နေပြည်တော်သို့ ပြန်လည် ရောက်ရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် "တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံအနေနဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုရင်းနှီးစွာ ဆက်ဆံသွားဖို့ ကတိပြုထားပြီးဖြစ်ပါတယ်" ဟု တရုတ်နိုင်ငံသို့ ရောက်နေစဉ်အတွင်း မိန့်ခွန်းပြောဆိုခဲ့သည်။

ယင်းအပြင် ဒီဇင်ဘာ ၁ ရက်နေ့တွင် တရုတ်သမ္မတ ရှီကျင့်ဖျင့်နှင့်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား ဆွေမျိုး ပေါက်ဖော်ဆက်ဆံရေးကို အခြေခံပြီး ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ခြင်းများအား အရှိန်အဟုန်မြှင့်တင်ရေး ၊ နိုင်ငံတကာမျက်နှာစာတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးများ အပြင် နှစ်နိုင်ငံအကြား အကောင်အထည်ဖော်မည့် စီမံကိန်းများအကြောင်း ဆွေးနွေးခဲ့သည်ဟု သိရသည်။

ယင်းသို့ တွေ့ဆုံဆွေးနွေးရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ မန္တလေးတိုင်း ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ၊ သမ္မတရုံး ဒုဝန်ကြီး ဦးမင်းသူတို့ ပါ၀င်ခဲ့သည်ဟု အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly