ထိုင်းအတိုက်အခံရှပ်နီပါတီက ဘန်ကောက်ဗုံးခွဲမှုတွင် ပါ၀င်ပတ်သက်ခြင်းမရှိဟု ငြင်းဆို

ထိုင်းအတိုက်အခံရှပ်နီပါတီက ဘန်ကောက်ဗုံးခွဲမှုတွင် ပါ၀င်ပတ်သက်ခြင်းမရှိဟု ငြင်းဆို

ဘန်ကောက်၊ သြဂုတ် - ၁၉ ။          ။ တနင်္လာနေ့ ဘန်ကောက်မြို့လယ်ဗုံးခွဲမှုတွင် ၎င်း၏ပါတီဝင်များ လုံးဝပါဝင် ပတ်သက်မှုမရှိကြောင်း ထိုင်းနိုင်ငံ၏ အဓိက အတိုက်အခံပါတီခေါင်းဆောင် ကငြင်းဆန် လိုက်သည်။ ဘန်ကောက်ဆင်ခြေဖုံးရပ်မှ Sky News သို့ပြောကြားရာတွင် ယခုလိုတိုက်ခိုက်မှုမျိုးမှာ သာမန်လူများ မလုပ်နိုင်သည့်လုပ်ရပ်ဖြစ်ကြောင်း ရှပ်နီလှုပ်ရှားမှု၏ ခေါင်းဆောင် ဂျာတူပေါင်း ပရွမ်ပန် ကပြောကြား ခဲ့သည်။

ဤကဲ့သို့သော ရက်စက်ကြမ်းကြုတ်မှုကို ကျူးလွန်ပြိး အပြစ်မဲ့ပြည်သူများကို အန္တရာယ်ပေးခြင်းဖြင့် ပါတီအနေဖြင့် မည်သည့်အကျိုးအမြတ်ရ လိမ့်မည်မဟုတ်ကြောင်းလည်း မစ္စတာ ပရွမ်ပန် ကပြောကြားခဲ့ သည်။

သို့ရာတွင် ရှပ်နီများနှင့် အဆက်အသွယ်ရှိသူ တစ်ယောက်ယောက်က ဗုံးခွဲမှုတွင် ပါဝင်ပတ်သက်နေသည်ဟု ရဲက စစ်ဆေးတွေ့ရှိပါက ထိုပုဂ္ဂိုလ်ကို ဥပဒေအရ အပြည့်အ၀ တရားစွဲဆိုသင့်ကြောင်းလည်း မစ္စတာ ပရွမ်ပန်က ပြောကြားခဲ့သည်။

သက်သေအထောက်အထားမရှိဘဲ လူသိရှင်ကြား မှတ်ချက်စကားတွင် ရှပ်နီများနှင့် အချိတ်အဆက်ရှိနိုင်သည်ဟု စကားရိပ်သန်းခဲ့သည့်အတွက်လည်း အစိုးရပြောရေးဆိုခွင့်ရှိသူကို အတိုက်အခံခေါင်းဆောင် ကဝေဖန်သွားခဲ့သည်။

ရှပ်နီများမှာ ထိုင်းအစိုးရအားဆန့်ကျင်သည့် သွေးစွန်းသော လှုပ်ရှားမှုများတွင် ရံဖန်ရံခါ ပြင်းပြင်းထန်ထန် တိုက်ခိုက်သည်များလည်း ရှိခဲ့သည်။ ထိုင်းကျေးလတ် အရှေ့မြောက်ပိုင်းမှာ ရှပ်နီများ၏ အမာခံဒေသဖြစ်ပြီး ၂၀၀၆ခုနှစ်တွင် အာဏာမှ ဖယ်ရှားခံရသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာကို ထောက်ခံကြသစည်။

သက်ဆင်၏ညီမဖြစ်သူ ယင်လပ်မှာ ၂၀၁၁ခုနှစ်တွင် ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံခဲ့ရသော်လည်း ယမန်နှစ်က သူမ၏အစိုးရကို အကျင့်ပျက်ခြစားမှုစွဲချက်များဖြင့် ဖျက်သိမ်းပစ်ခဲ့သည်။

ရှပ်နီများနှင့် အစိုးရလိုလားသည့် ရှပ်ဝါများ၏ လပေါင်းများစွာကြာမြင့်သည့် အကြမ်းဖက်ဆန္ဒပြမှုများက ထိုင်းစစ်တပ်ကို အာဏာသိမ်းရန် တွန်းပို့ပေးခဲ့သည်။ မကြာသေးမီလများက ရှပ်နီများနှင့် ရှပ်ဝါများ ကြားတင်းမာမှု မြင့်တက်လာနေခဲ့သော်လည်း ထိုင်းဗိုလ်ချုပ်ကြီးများကမူ ဒီမိုကရေစီစနစ်သို့ ပြန်သွားမည့် နေ့ရက်အတိအကျကို ထုတ်ပြန်ခြင်းမရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required