စီးပွားရေး စင်္ကြံန်လမ်း ထူထောင်ဖို့ တရုတ် နှင့် မြန်မာ သဘောတူ

စီးပွားရေး စင်္ကြံန်လမ်း ထူထောင်ဖို့ တရုတ် နှင့် မြန်မာ သဘောတူ

 

ဒီဇင်ဘာ ၂ ။           ။ မြန်မာနဲ့ တရုတ် နှစ်နိုင်ငံအကြား စီးပွားရေး စင်္ကြံန်လမ်းကြောင်းတစ်ခု ထူထောင်ဖို့အတွက် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်က နှစ်နိုင်ငံသဘောတူညီမှု ရရိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါနှစ်နိုင်ငံ စီးပွားရေး စင်္ကြံထူထောင်မယ့် အိုင်ဒီယာကိုတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ တွေ့ဆုံတဲ့ အစည်းအဝေးတစ်ရပ်မှာ အဆိုပြုတင်သွင်းခဲ့တာဖြစ်တယ်လို့ တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြပါတယ်။

ဒီမိုကရေစီ ကျင့်သုံးမှု ကာလအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပေါ်ဖို့  မြှင့်တင်အားပေးလိုနေလျက်ရှိတဲ့ မြန်မာအစိုးရအနေနဲ့ကတော့ နှေးကွေးကြန့်ကြာနေလျက်ရှိတဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက်ရှေ့တိုးလုပ်ဆောင်သွားနေလျက်ရှိပါတယ်။

ယင်းအပြင် နိုင်ငံမှာ လျှပ်စစ်နဲ့ လမ်းပန်းဆက်သွယ်ရေး ကွန်ရက်တွေလိုမျိုး အခြေခံအဆောက်အအုံတွေက နိုင်ငံ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုအတွက် အရေးကြီးပါကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မကြာသေးမီက အလေးပေး ပြောကြားထားပါတယ်။

ယခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ခရီးစဉ်မှာတော့ စွမ်းအင်နဲ့ ဆောက်လုပ်ရေးဝန်ကြီးအပြင် မန္တလေးတိုင်း ဒေသကြီး ၀န်ကြီးချုပ်လည်း လိုက်ပါလာခဲ့ပါတယ်။

ယခုလို အဆိုပြုတင်သွင်းလိုက်တဲ့ စီးပွားရေး စင်္ကြံန်နဲ့ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေ ထပ်မံထုတ်ပြန်ထားခြင်း မရှိပေမယ့်လည်း ယင်းအစီအစဉ်အရ မြန်မာနိုင်ငံ မန္တလေးနဲ့ မူဆယ်တို့ကို ဖြတ်ပြီး ကျောက်ဖြူနဲ့ ကူမင်းအထိ ဖောက်လုပ်တဲ့ ရေနံပိုက်လိုင်း အတိုင်း လမ်းမကြီးတစ်ခု သွယ်တန်း ဖောက်လုပ်သွားမယ့် အစီအစဉ် တစ်ခု ပါနိုင်တယ်ဆိုပြီး ကျွမ်းကျင်သူတစ်ဦးက ခန့်မှန်းပြောကြားသွားပါတယ်။

မြန်မာနိုင်ငံရဲ့ ကျောက်ဖြူမြို့ကတော့ ခေတ်သစ် ပိုးလမ်မကြီး ဖန်တီးမယ့် တရုတ်တို့ရဲ့ Belt and Road Initiative အတွက် အဓိကကျရေးပါနေလျက်ရှိတယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags