စာပေညီလာခံကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ကဗျာဆရာတစ်ဦး မကွေးမှ ရန်ကုန်သို့ စက်ဘီးစီး

စာပေညီလာခံကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ကဗျာဆရာတစ်ဦး မကွေးမှ ရန်ကုန်သို့ စက်ဘီးစီး

 

ရန်ကုန်   ဒီဇင်ဘာ   ၂ ။                      ။ ရန်ကုန်မြို့တွင် ဒီဇင်ဘာ ၁၂ ရက်နေ့မှ စတင် ကျင်းပမည့် စာပေညီလာခံကို ကြိုဆိုဂုဏ်ပြုသည့် အနေဖြင့် မကွေးမြို့မှ ဝါရင့်ကဗျာဆရာကြီးလွမ်းရ (မကွေး) ၊ ၆၅ နှစ်သည် မကွေးမှ ရန်ကုန်သို့ ယနေ့ ဒီဇင်ဘာ ၂ ရက်နေ့ နံနက်ပိုင်းက စက်ဘီးစီးခရီးစဉ် လှုပ်ရှားမှု စတင်ပြုလုပ်သည်။

အသက် ၆၅ နှစ်ရှိပြီဖြစ်သော ကဗျာဆရာကြီး လွမ်းရ (မကွေး)သည် ၄င်းနေထိုင်ရာ မကွေးတိုင်း၊ အားကစားကွင်းမှ ဒီဇင်ဘာ၂ရက်နေ့ နံနက် ၆ နာရီ တွင် စတင်ထွက်ခွာကာ စာပေဝါသနာရှင် ကိုသက် (ချမ်းမြေ့သာယာ)နှင့်အတူ မကွေး -သစ်ရာ ကောက်- ကိုးပင်-အောင်လံ-ပြည်-ရန်ကုန် လမ်း ကြောင်းမှ စီးနင်း၍ မြို့ ၁၄ မြို့နယ်၊ မကွေး ရန်ကုန် ၃၀၅ မိုင် ခရီးနှင်မည်ဖြစ်သည်။ ထို့နောက် ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ကျင်းပမည့်စာပေညီလာခံသို့ စာရင်း ပေးသွင်း၍ တက်ရောက်မည်ဖြစ်သည်။

ကဗျာဆရာကြီး လွမ်းရ(မကွေး)က စက်ဘီးစီးခရီးစဉ်ကို ပြုလုပ်ရခြင်း အကြောင်းကို မဇ္ဈိမသို့ ယနေ့ ဒီဇင်ဘာ ၂ ရက်နေ့က ပြောသည်။

" အခုအရပ်သားအစိုးရ စစ်စစ်လက်ထက်မှာ ပြုလုပ် မယ့် စာပေညီလာခံက လုံးဝလွတ်လပ်ပြီး၊ အနှောင် အဖွဲ့ကင်းတယ်၊ စာပေလောက ဖွံ့ဖြိုးရေးအတွက် တစ်ကယ်အဖြေရှာနိုင်မယ့်ညီလာခံလို့ ယုံကြည် တယ်၊ ဒါကြောင့် ဂုဏ်ပြုတာ" ဟု ကဗျာဆရာကြီး လွမ်းရက ပြောသည်။

အမျိုးသားစာပေညီလာခံကို ၁၉၆၂ ခုနှစ်က နောက် ဆုံးကျင်းပခဲ့ပြီးနောက် ယခု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အစိုးရလက်ထက်တွင် မြန်မာ နိုင်ငံက စာပေအဖွဲ့အစည်း ၁၀ ဖွဲ့က ကျပ်သိန်း ၂၀၀၀ အကုန်ကျခံ၍ နှစ်ပေါင်း ၅၅ နှစ်အကြာ ပထမဆုံးပြန်လည်ပြုလုပ်ခွင့်ရခဲ့ခြင်းလည်း ဖြစ် သည်။

"အရင်အစိုးရအဆက်ဆက် လက်ထက်မှာ စာပေ လုပ်သားအဖွဲ့၊ စာပေနှင့်စာနယ်ဇင်းအဖွဲ့တွေဆိုပြီး ပြန်ကြားရေးဝန်ကြီးလက်အောက်က အဖွဲ့တွေကို ဖွဲ့တယ်၊ စာပေညီလာခံတွေလည်း လုပ်ခဲ့တာပဲ၊ ဒါပေမယ့် အဲဒါတွေက မလွတ်လပ်ဘူး၊ ဘာကြောင့် လဲဆိုတော့ အစိုးရကလုပ်ခိုင်းတာ၊ အစိုးရက ဒါ တွေဆွေးနွေး၊ ဒါတွေထောက်ခံ လုပ်ခိုင်းတာ၊ စာပေ လောကအတွက် ဘာမှအထောက်အပံ့မဖြစ်ခဲ့ဘူး၊ အခု NLD အစိုးရလက်ထက်က စာပေညီလာခံက လုံးဝလွတ်လပ်တယ်" ဟု ကဗျာဆရာကြီး လွမ်းရ(မကွေး)က ပြောသည်။

ကဗျာဆရာကြီး လွမ်းရ(မကွေး)၏ စာပေညီလာခံ ကြိုဆိုဂုဏ်ပြုမည့် စက်ဘီးခရီးစဉ်ကို မကွေးတိုင်း ဝန်ကြီးချုပ်ထံတင်ပြ၍ လွှတ်တော်ကိုယ်စားလှယ် များ၊ လူမှုရေးအသင်းအဖွဲ့များ၊ မကွေးမြို့နယ် စာရေးဆရာသမဂ္ဂအဖွဲ့နှင့် ထနောင်းရင်ခွင် စာပေဝိုင်းက ကူညီထောက်ပံ့မှုများပြုလုပ်ခဲ့ သည်။

" ရန်ကုန်က စာပေညီလာခံဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌကိုလည်း အကြောင်းကြားထား ပြီးပြီ၊ ရန်ကုန်ကလည်း ကြိုမယ်၊ ကြားထဲက မြို့ တွေက စာပေအဖွဲ့တွေ စာပေချစ်မြတ်နိုးသူတွေ ကလည်း ခရီးစဉ်တစ်လျှောက် ကြိုဆိုသွားဖို့ ရှိ တယ်" ဟု စာရေးဆရာသမဂ္ဂအဖွဲ့ ဥက္ကဋ္ဌ စာရေး ဆရာနိုင်ယုဝေက ပြောသည်။

စာပေညီလာခံ ၂၀၁၇ ကို မြန်မာနိုင်ငံရှိ စာပေအဖွဲ့ အစည်း၁၁ခုတို့ ပူးပေါင်း၍ ရန်ကုန်မြို့ မင်းဓမ္မလမ်း ရှိ Myanmar Convention Center တွင် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ၁၄ ၁၅ ရက်နေ့များတွင် ဆက်တိုက် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ဖွင့်ပွဲ မတိုင်မီ ဒီဇင်ဘာလ ၈ ရက်မှ ၁၂ ရက်အထိ စာပေ ညီလာခံလှုံ့ဆော်မှုရေးလှုပ်ရှားမှုများပြုလုပ်၍ ဖွင့်ပွဲ အခမ်းအနားကို ရန်ကုန်မြို့တော်ခန်းမတွင် ဒီဇင် ဘာလ ၁၂ ရက်နေ့တွင် ပြုလုပ်သွားမည်ဖြစ်သည်။

ယင်းစာပေညီလာခံတွင် အမျိုးသားစာပေဆုရွေး ချယ်ရေးစနစ်နှင့် ပုံစံတိုးတက်ရေးဆိုင်ရာများ၊ ရသ စာပေပေါ်ထွန်းရေးအတွက် ဆောင်ရွက်မည့် အကြောင်းအရာများ၊ နေရာအခက်အခဲများနှင့် ရင်ဆိုင်နေရသည့် စာအုပ်ဆိုင်ကိစ္စများ၊ ထုတ်ဝေပြီး စာအုပ်များ နေရာအနှံ့ သယ်ယူပို့ဆောင်စရိတ် လျှော့ချပေးရေးဆိုင်ရာများကိုလည်း ဆွေးနွေးသွား မည်ဖြစ်သည်။ ထို့ပြင် ညီလာခံဆွေးနွေးပွဲမှ ရလဒ် များကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြန် ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတို့ကို တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

ကဗျာဆရာကြီး လွမ်းရ (မကွေး)သည် ၁၉၅၃ ခုနှစ် တွင် မကွေးတိုင်း၊ မကွေးမြို့တွင် မွေးဖွားခဲ့ပြီး၊ မွေးချင်း ၁၀ ယောက်အနက် အကြီးဆုံးဖြစ်သည်။ ၁၉၈၄ ခုနှစ်မှ စတင်၍ ဂီတသတင်းစဉ်စာဆောင်၊ တိုင်းရင်မေ၊ ယုဝတီဂျာနယ်၊ သင့်ဘဝ၊ သောကြာ၊ ရုပ်ရှင့်အမြူတေ၊ ဖလင်စတား၊ သပြေမဂ္ဂဇင်းနှင့် အခြား ဂျာနယ်စာစောင်များတွင် ရသကဗျာများ ရေးသားခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် မကွေးတိုင်း အား/ကာ ဋ္ဌာမှ သက်ပြည့်ပင်စင်ယူ၍ မိသားစု နှင့်အတူ မကွေးမြို့တွင် နေထိုင်ရင်း စာပေကဗျာ များ ရေးသားလျှက် ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required