HUAWEI nova 2i နဲ့ Vivo V7+ ဘယ်ဟာကို ရွေးမလဲ

HUAWEI nova 2i နဲ့ Vivo V7+ ဘယ်ဟာကို ရွေးမလဲ

 

ဒီနေ့ခေတ်မှာ လူတစ်ယောက်အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုကို ပြောပါဆိုရင် လက်ကိုင်ဖုန်းလို့ လူတော်တော်များများက အဖြေပေးကြမှာဖြစ်ပါတယ်။ ဒါနဲ့ နောက်ဆက်တွဲကတော့ ဒီနေ့ခေတ်စားနေတဲ့ ကင်မရာစွမ်းဆောင်ရည်၊ မျက်နှာပြင်အရွယ်အစားနဲ့ အခြားဆန်းသစ်တဲ့ နည်းပညာတွေနဲ့ စျေးနှုန်းတို့ကို ထည့်သွင်းတွက်ချက်ပြီး ကိုယ်နဲ့ကိုက်ညီတဲ့ ဖုန်းတစ်လုံးကို   ရွေးချယ်ဝယ်ယူကြရမှာဖြစ်ပါတယ်။

စျေးနှုန်းလည်း သိပ်မကွာ စွမ်းဆောင်ရည်မြင့် ဖုန်းနှစ်လုံးကို ဒီနေ့ မိတ်ဆက်ပေးပါမယ်။

ဖုန်းတွေကတော့ HUAWEI nova 2i နဲ့ Vivo V7+ တို့ ဖြစ်ပါတယ်။ ဆိုခဲ့တဲ့အတိုင်း ဒီနေ့ခေတ်မှာ ဖုန်းကမ္ပဏီတွေဟာ သူတို့ ထုတ်ကုန်တွေကို ကင်မရဦးစားပေး ထုတ်လုပ်လာတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီလအတွင်း ထွက်လာတဲ့ ဖုန်းတွေဖြစ်တဲ့ HUAWEI nova 2i နဲ့ Vivo V7+ တွေမှာ ကင်မရာ စွမ်းဆောင်ရည်ကို အထူး မြင့်တင်ထားတာ တွေ့ရပါတယ်။

ဒီအထဲမှာ ထူးခြားတာက HUAWEI nova 2i ဟာ ကင်မရာ လေးလုံးထည့်သွင်းထားတဲ့ ပထမဆုံး ပြည်တွင်းရောက် ဖုန်းတစ်လုံး ဖြစ်လာပါတယ်။ သဘောကတော့ ရှေ့ဘက် ကင်မရာ နှစ်လုံးနဲ့ နောက်ဘက် ကင်မရာ နှစ်လုံး ထည့်သွင်းထားတာကြောင့် ကင်မရာ လေးလုံးပါဝင်တဲ့ ဖုန်းတစ်လုံးပါ။ ရှေ့ကင်မရာကို 13M+2M နဲ့ နောက်ကင်မရာကို 16M+2M အထိ သုံးလို့ရနိုင်တဲ့ ကင်မရာများအဖြစ် HUAWEI nova 2i က ထောက်ပံ့ပေးထားပါတယ်။

Vivo V7+ ကတော့ HUAWEI nova 2i လို ကင်မရ လေးလုံး ထည့်သွင်းမထားဘဲ ရှေ့ကင်မရာကို 24MP အထိ မြင့်တင်ထားပြီး နောက်ကင်မရာကိုတော့ 16MP အထိ အဆင့်မြင့်တင်ထားတာ တွေ့ရမှာပါ။  HUAWEI nova 2i နဲ့ Vivo V7+ ဖုန်း နှစ်ခုလုံးဟာ ရှေ့နဲ့နောက် ကင်မရာနှစ်ခုလုံးကို အဆင့်မြင့်တင်ထားတာမို့ ကိုယ်နဲ့ သင့်တော်မယ့် ဖုန်းကို ရွေးချယ်နိုင်ပါတယ်။ Resolution အနေနဲ့ကတော့ HUAWEI nova 2i က 1080x2160 ရှိပြီး Vivo V7+ က 720x1440 Pixels (IPS Capacitive Touch Screen) အဖြစ် ဖန်တီးထားတာ တွေ့ရပါတယ်။

HUAWEI nova 2i ရဲ့ ကင်မရာတွေမှာ Professional Bokeh Effect ရိုက်ကူးနိုင်ပြီး ရှေ့နဲ့နောက် ကင်မရာတွေမှာ Portrait mode ရိုက်ကူးနိုင်ပါတယ်။ ရှေ့ကင်မရာမှာ LED Flash မီးပါဝင်ပြီး အလင်းပမာဏကို အလိုအလျောက် ချိန်နိုင်ပါတယ်။ Butterfly Lighting Effect ကို ရိုက်ကူးနိုင်ပြီး Beauty Mode 4.0၊ Moving Picture စတဲ့ လုပ်ဆောင်ချက်တွေလည်း ပါဝင်ပါတယ်။ Vivo V7+ ရဲ့ အရှေ့ဘက်ကင်မရာမှာ 24MP Clearer Selfie ပါဝင်တာကြောင့် ကြည်လင်ပြတ်သားတဲ့ Selfie ဓာတ်ပုံတွေ ရိုက်နိုင်မှာပါ။ Group Selfie နဲ့ မလိုအပ်တဲ့ နောက်ခံတွေကို ဝါးပေးတဲ့စနစ် Portrait Bokeh Mode ကိုလည်း ထည့်သွင်းထားပါတယ်။

ကိုယ်အသုံးပြုမယ့်အပေါ် မူတည်ပြီး ဖုန်းတစ်လုံးမှာ ကင်မရာပိုင်းဆိုင်ရာ အရေးပါသလို အရွယ်အစားဟာလည်း အရေးပါပါတယ်။ စာဖတ်များတဲ့လူဆို မျက်နှာပြင်ကျယ်ဖုန်းကို ရွေးချယ်ဝယ်ယူသင့်ပြီး သေးသွယ်ကျစ်လစ်တဲ့ မျက်နှာပြင်ပါ ဖုန်းကို ကိုင်လိုတဲ့သူတွေလည်း ရှိနေဦးမှာ။ ဒီနေရာမှာ HUAWEI nova 2i နဲ့ Vivo V7+ တို့ရဲ့ မျက်နှာပြင် အကျုယ်ဟာ ထောင့်ဖြတ်အနေအထားအတိုင်း တိုင်းမယ်ဆိုရင် ၅.၉ လက်မစီ ကိုယ်စီရှိကြပါတယ်။ HUAWEI nova 2i ဟာ အမြင့် ၁၅၆.၂ MM ရှိပြီး အထူကတော့ ရ.၅ MM ရှိပြီး ပါးလွှာတဲ့ဖုန်းတစ်လုံးပါပဲ။

ဖုန်းတစ်လုံးကို ရွေးချယ်ဝယ်ယူတဲ့အခါမှာ ဒီလို ဒီဇိုင်းပိုင်းအပြင် ကိုယ်နဲ့ သင့်လျော်တဲ့ အရောင်ကိုလည်း ရွေးချယ် ကြရမှာပါ။ HUAWEI nova 2i ကို အရောင် နှစ်မျိုးထုတ်လုပ်ထားပါတယ်။ Prestige Gold၊ Graphite Black တို့ပဲ ဖြစ်ပါတယ်။ Vivo V7+ ကတော့ Matte Black ဆိုပြီး ထုတ်လုပ်ထားပါတယ်။

HUAWEI nova 2i မှာ Android 7.0 စနစ်ကို သုံးထားပြီး Vivo V7+ ကတော့ မှာ Android 7.1 စနစ်ကို သုံးထားပါတယ်။ CPU အနေနဲ့ HUAWEI nova 2i က Octa-Core ကိုသုံးထားပြီး Vivo V7+ ကတော့ Octa-Core 1.8GHz Cortex-A53 ကို သုံးထားပါတယ်။ မှတ်ဉာဏ်အနေနဲ့ HUAWEI nova 2i နဲ့ Vivo V7+ နှစ်ခုလံးROM: 64GB နဲ့ RAM: 4GB သုံးထားပါတယ်။ HUAWEI nova 2i ကတော့ သူတို့ဖုန်းဟာ ဒီလုပ်ဆောင်ချက်တွေကို တစ်နှစ်ခွဲ သုံးတဲ့အထိ စွမ်းဆောင်ရည်ကျမသွားဘဲ လုပ်ဆောင်နိုင်တယ်လို့ အာမခံထားပါတယ်။

ဖုန်းတစ်လုံး အသုံးပြုတဲ့အခါမှာ ဘက်ထရီရဲ့ စွမ်းဆောင်ရည်ကိုလည်း ထည့်သွင်း တွက်ချက်ရမှာ ဖြစ်ပါတယ်။ HUAWEI nova 2i ရဲ့ ဘက်ထရီဟာ ပုံမှန်အသုံးပြုသူတွေအတွက် နှစ်ရက်ကြာ အသုံးပြုနိုင်မယ့် 3340mAh စွမ်းဆောင်ရည်ရှိတဲ့ ဘက်ထရီကို သုံးထားပါတယ်။  Vivo V7+ ကတော့ 3225mAh စွမ်းဆောင်ရည်ရှိ ဘက်ထရီကို သုံးထားပါတယ်။

ဖုန်းတွေမှာ နောက်ထပ် အရေးကြီးတဲ့ အချက်တစ်ချက်ကတော့ လုံခြံုရေးပိုင်းဆိုင်ရာ ဖြစ်ပါတယ်။ HUAWEI nova 2i မှာ Smart Fingerprint လုံခြံုရေး စနစ်ကို သုံးထားပြီး Vivo V7+ မှာတော့ Finger Print အပြင် Face Access စနစ်လည်းပါဝင်ပါတယ်။ ဒါတွေကတော့ HUAWEI nova 2i နဲ့ Vivo V7+ တို့ရဲ့ သိသင့်တဲ့ အချက်တွေပဲဖြစ်ပါတယ်။ ကိုယ်ဟာ ဖုန်းကို ကြာကြာသုံးတတ်သူလား၊ စာဖတ်များသူလား၊ ရုံးအလုပ်တွေကို ဖုန်းနဲ့ လုပ်တတ်သူလား။ မကြာခဏ ခရီးသွားပြီး ဓာတ်ပုံတွေ ရိုက်ကူူးတတ်သူလား စသဖြင့်တွက်ချက်ပြီး မိမိနဲ့ သင့်လျော်မယ့် ဖုန်းတစ်လုံး ဝယ်ယူနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

နောက်ထပ် အရေးကြီးဆုံး အချက်တစ်ချက် ကတော့ စျေးနှုန်းပါပဲ HUAWEI nova 2i ကို ဝယ်ယူမယ်ဆိုရင် ၃၆၉၀၀၀ သာကျသင့်မှာဖြစ်ပြီး Vivo V7+ ကတော့ စျေးအတော်ကြီးနေတာတွေ့ရပြီး ၄၂၉၀၀၀ ဖြစ်နေတာ တွေ့ရပါတယ်။ သာမန်မြင်ကွင်းတစ်ခုကို သူမတူတဲ့ ကိုယ်ပိုင်အမြင်ရယ်၊ HUAWEI nova 2i နဲ့ ပေါင်းစပ်လိုက်တော့ လက်ရာမြောက်တဲ့ အနုပညာဖန်တီးမှုတွေ ဖြစ်လာတာပေါ့။ ကင်မရာလေးခုပါတဲ့ HUAWEI nova 2i ကတော့ ရိုက်ချက်တိုင်းက သဘာဝကျကျလှပနေမှာပါ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly