စတိုင်လ်ကျပြီး စမတ်ကျနေမယ့် M-ပိုက်ဆံ လာပြီ

စတိုင်လ်ကျပြီး စမတ်ကျနေမယ့် M-ပိုက်ဆံ လာပြီ

လူတွေဟာ ငွေဆိုတဲ့ ပိုက်ဆံမပေါ်ခင် အရောင်းအဝယ် လုပ်ကြရာမှာ ကုန်ပစ္စည်းချင်း တိုက်ရိုက်လဲလှယ်တဲ့ စနစ်ကို သုံးခဲ့ကြပါတယ်။ ဥပမာ စပါးစိုက်သူတစ်ဦးဟာ သူလိုအပ်နေတဲ့ ဆားနဲ့ လဲလှယ်တဲ့ စနစ်ကို သုံးခဲ့ကြတာပါ။ ဟိုးပဝေသဏီတုန်းကပေါ့။ ဒီလိုနဲ့ ပိုမိုလွယ်ကူတဲ့ စနစ်ကို တီထွင် ကြံဆလာကြပါတယ်။ အဲ့ဒါကတော့ ငွေကြေးပါပဲ။

ကိုယ့်မှာ ငွေရှိတယ်ဆိုရင် ကိုယ်လိုချင်တဲ့ ဆားကို ပိုက်ဆံပေးဝယ်ရုံပါပဲ။ ကိုယ့်မှာ မလိုအပ်တော့တဲ့ စပါးကို ရောင်းပြီး ငွေကိုလက်ထဲကိုင်ထားရုံပေါ့။ နောက်တခါ ကိုယ်လိုချင်တဲ့ ကုန်ပစ္စည်းကို ပိုက်ဆံပေးချေပြီး ဝယ်ယူတဲ့ စနစ်ကို တိုးတက်လာခဲ့တာပါ။ ပိုမို ထိရောက်ပြီး လွယ်ကူတဲ့စနစ်ကို အသုံးပြုလာကြာတာပါ။

ငွေကြေး ဒါမှမဟုတ် ငွေသားဟာ ရှေရှည်ခံခြင်း၊ အလွယ်တကူ သယ်ဆောင်နိုင်ခြင်း စတဲ့ အရည်အသွေးတွေ ရှိနေပါတယ်။ ဒါပေမယ့် တကယ်ကော ရေရှည်ခံရဲလားဆိုတဲ့ မေးခွန်းမေးမယ်ဆိုရင်တော့   ဖြေရခက်ခဲမှာပါ။ ရန်သူမျိုးငါးပါးက အလွယ်တကူ ဖျက်ဆီးနိုင်ပါတယ်။ ဒီနေ့ခေတ်မှာ ဖေါင်းပွလာတဲ့ ငွေကြေးကြောင့် အလွယ်တကူ သယ်ဖို့ရာလည်း ခက်ခဲလာပြန်ပါတယ်။

ဥပမာ ငွေတစ်သိန်းကို တစ်ထောင်တန်ချည်းဆို တော်ရုံ ပိုက်ဆံအိတ်နဲ့ မရတော့ပါဘူး။ သက်တောင့်သက်သာ မရှိတဲ့ ပွယောင်းယောင်း ပိုက်ဆံအိတ်ကြီးကို ကိုင်ပြီး ငွေတစ်သိန်း ထည့်ထားရတော့မယ်ဆိုရင် စတိုင်လ်လည်း အမိတော့ပါဘူး။ ဒါဆိုရင် ငွေသားဟာ အလွယ်တကူ သယ်ဆောင်နိုင်ခြင်းဆိုတဲ့ ဂုဏ်ပုဒ်နဲ့ သိပ်မကိုက်တော့ပါဘူး။

တိုးတက်တဲ့ နိုင်ငံတွေမှာ ငွေသားကို ကိုင်တာ ရှားပါးလာတာကို တွေ့ရပါတယ်။ အွန်လိုင်းစနစ်နဲ့ ချိတ်ဆက်ထားတဲ့ ငွေပေးချေမှု၊ ငွေရယူမှုတွေကို စမတ်ကျကျ လုပ်ဆောင်လာကြတာကြောင့် စတိုင်လ်ကျပြီး ထိရောက်တဲ့ နည်းပညာတွေ သုံးလာကြပါတယ်။ ဒီလို ဝန်ဆောင်မှုတွေကို သုံးလာတာကြောင့် သူတို့ ပိုက်ဆံတွေ အားလုံးနီးပါးဟာ အသစ်တွေလိုချည်း ဖြစ်နေတတ်ပါတယ်။

ကျနော်တို့နိုင်ငံကတော့ ဒီစနစ် သိပ်အထင်ပေါ်သေးတာကြောင့် ကျနော်တို့ရဲ့ ပိုက်ဆံတွေဟာ ဟောင်းနွမ်း စုတ်ပြဲနေတတ်တာကို အများစုတွေ့ရမှာဖြစ်ပါတယ်။ မကြာသေးခင်က ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ပိုက်ဆံထုတ်မယ့်အဆိုကို လွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။ ကိုယ်လေးစားတဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ပိုက်ဆံတွေ ထုတ်လာနိုင်ပေမယ့် ညစ်ပတ် စုတ်ပြတ်နေတဲ့ ပိုက်ဆံနဲ့ ဗိုလ်ချုပ်ပုံဖြစ်နေရင် သိပ်မမိုက်ပါဘူး။

အဲ့ဒီတော့ ကိုယ်သုံးမယ့်ပိုက်ဆံလေးတွေ အသစ်အတိုင်းဖြစ်နေမယ့် နည်းလမ်းတွေကို အသုံးချနိုင်မယ့် စနစ်တွေ ပေါ်ပေါက်လာပါတယ်။ ဒီနေ့ခေတ်မှာ လူတိုင်းနီးပါး မိုဘိုင်းလ်ဖုန်းတွေ သုံးလာနိုင်ပြီမို့ ဖုန်းအသုံးပြုပြီး ဖုန်းတစ်လုံးရှိနေရင် ဘယ်နေရာရောက်ရောက် ငွေလွှဲတာ ငွေလက်ခံတာ၊ ငွေထုတ်တာတွေကို လုပ်နိုင်မှာပါ။ ဒီစနစ်ကိုတော့ M ပိုက်ဆံလို့ နာမည်ပေးထားပြီး အူရီဒူး၏ မိုဘိုင်းငွေကြေးဝန်ဆောင်မှု တစ်ခုပဲဖြစ်ပါတယ်။

M-ပိုက်ဆံဆိုတာဘာလဲဆိုရင်တော့ ငွကြေးကိစ္စများကို လုံခြံုစိတ်ချစွာ အလွယ်တကူစီမံခန့်ခွဲနိုင်ပြီး ငွေလွှဲခြင်း၊ ငွေလက်ခံခြင်း၊ ငွေပေးချေခြင်းများကို နေရာမရွေး၊ အချိန်မရွေး ချက်ချင်းမြန်မြန် ငွေလွဲ၊ ငွေထုတ်နိုင်မယ့် စနစ်ဖြစ်ပါတယ်။ အကျိုးကျေးဇူးအနေနဲ့ကတော့ ပိုက်ဆံအိတ်ကဲ့သို့ ကိုယ်နှင့်မကွာ အလွယ်တကူ သယ်ဆောင်သွားနိုင်သည့် Mobile Wallet လို သုံးနိုင်မှာပါ။

M ပိုက်ဆံကို ပိုက်ဆံဝန်ဆောင်မှုများကို မိုဘိုင်းဖုန်းအသုံးပြုသူ မည်သူမဆို သုံးနိုင်မှာပါ။ အူရီဒူး မိုဘိုင်းဖုန်းနံပါတ်ကို အသုံးပြုပြီး M-ပိုက်ဆံတွင် စာရင်းသွင်းပြီးသည်နှင့် တစ်ပြိုင်နက် သင့်ကိုယ်ပိုင် မိုဘိုင်းပိုက်ဆံအိတ် ကိုဖန်တီးပြီး M-ပိုက်ဆံဝန်ဆောင်မှုကို စသုံးနိုင်မှာပါ။ ဒါမှမဟုတ် မိုဘိုင်းဖုန်းသုံးစွဲသူ မည်သူမဆို အူရီဒူး၏ M-ပိုက်ဆံကိုယ်စားလှယ်ဆိုင်သို့ သွားရောက်ပြီး ငွေလွှဲတာလုပ်နိုင်ပါတယ်။

M-ပိုက်ဆံ Wallet ဆိုတာ ကိုယ်နဲ့ နေ့စဉ်ကိုယ်နဲ့မကွာ သယ်ဆောင်သွားတတ်တဲ့ လက်ကိုင်အိတ် ကဲ့သို့အသုံးပြုနိုင်တဲ့ မိုဘိုင်းဒစ်ဂျစ်တယ်ပိုက်ဆံအိတ် တစ်ခုဖြစ်ပါတယ်။ M-ပိုက်ဆံမှာ သင်စာရင်းသွင်းလိုက်တာနဲ့ တစ်ပြိုင်နက် မိုဘိုင်းဒစ်ဂျစ်တယ် ပိုက်ဆံအိတ် ကိုစတင် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ သင့် M-ပိုက်ဆံ Wallet ကိုအသုံးပြုပြီး ငွေလွှဲခြင်း၊ ဖုန်းငွေဖြည့်ခြင်းများကို လွယ်ကူစွာ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ M-ပိုက်ဆံတွင် သင်၏လုပ်ဆောင်မှုများ အားလုံးကို သင့်ကိုယ်ပိုင် လျှှို့ဝှက် PIN နံပါတ်ဖြင့် လုံခြံုစိတ်ချစွာ အသုံးပြုနိုင်ပါတယ်။

သုံးစွဲနေတဲ့ အူရီဒူး ဆင်းကဒ်ကို အသုံးပြုပြီး M-ပိုက်ဆံတွင် အလွယ်တကူစ စာရင်းသွင်းဖို့ M-ပိုက်ဆံ Application ကို Google Play နဲ့ Apple Store တို့မှ Download ရယူပြီး USSD *999# ကိုခေါ်ဆိုကာ စာရင်းသွင်းနိုင်ပါတယ်။ M-ပိုက်ဆံ Wallet သို့ ငွေဖြည့်သွင်းမယ်ဆိုရင်တော့ နီးစပ်ရာ M-ပိုက်ဆံ ကိုယ်စားလှယ်ထံ သွားရောက် ငွေဖြည့်နိုင်ပါတယ်။ သင့်မိုဘိုင်းဖုန်းနဲ့ မှတ်ပုံတင်ကို တစ်ပါတည်းယူဆောင်သွားပြီး ငွေဖြည့်သွင်းခြင်းကို လုပ်ဆောင်နိုင်ပါတယ်။ M-ပိုက်ဆံ Application ပေါ်မှ “ကိုယ်စားလှယ်ရှာဖွေရန်” ကို အသုံးပြု၍သော်လည်းကောင်း၊ USSD short code *999# ကို ခေါ်ဆို၍သော်လည်းကောင်း လုပ်ဆောင်နိုင်ပါသေးတယ်။

ဒါဆိုရင် လုံခြံုစိတ်ချရပြီး စတိုင်လ်ကျပြီး စမတ်ကျကျ ဖြစ်နေမယ့် ငွေကြေးစီမံခန့်ခွဲမှုကို သင်ပိုင်ဆိုင်နိုင်ပြီး ငွလွှဲခြင်း၊ ငွေလက်ခံခြင်း၊ ငွေပေးချေတာတွေ အချိန်တိုတိုတဲ့ ထိထိရောက်ရောက် လုပ်နိုင်မှာပါ။ တစ်ခုတော့ ရှိပါတယ် ကိုယ့်ဖုန်း လျှို့ဝှက်စကားဝှက်နဲ့ M-ပိုက်ဆံရဲ့ လျှို့ဝှက်စကားဝှက်တွေကို သင့်ဇနီးမယားကို မပေးမိဖို့တော့ လိုပါတယ်။ ကိုယ့်ဖုန်း လျှို့ဝှက် စကားဝှက်နဲ့ M-ပိုက်ဆံရဲ့ လျှို့ဝှက်စကားဝှက်တွေ သင့်ဇနီးကို ပေးထားမယ်ဆိုရင်တော့ လုံခြံုစိတ်ချဖို့ အာမမခံနိုင်ပါဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly