၁၈ လစာချုပ်သက်တမ်းဖြင့် ဆမ်အလာဒွိုက်စ် အဲဗာတန်နည်းပြ ဖြစ်လာ

၁၈ လစာချုပ်သက်တမ်းဖြင့် ဆမ်အလာဒွိုက်စ် အဲဗာတန်နည်းပြ ဖြစ်လာ

ဒီဇင်ဘာ ၁၊ အင်္ဂလန် ။            ။ အဲဗာတန်အသင်းသည် ၀ါရင့်နည်းပြဆမ်အလာဒွိုက်စ်ကို ၁၈ လစာချုပ်ဖြင့် နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်သည်။

ရာသီအစရလဒ်များဆိုးရွားမှုကြောင့် အဲဗာတန်အသင်းသည် နည်းပြရော်နယ်ကိုးလ်မန်းကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး လက်ထောက်နည်းပြ ဒေးဗစ်အန်စဝှက်ကို ယာယီကိုင်တွယ်စေခဲ့သည်။ ထို့နောက် နည်းပြသစ်ရှာဖွေခဲ့ရာတွင် နောက်ဆုံး ဆမ်အလာဒွိုက်စ်ကို နည်းပြအဖြစ် ခန့်အပ်နိုင်ခဲ့သည်။

အဲဗာတန်အသင်းနှင့်စာချုပ် ချုပ်ဆိုပြီးနောက်တွင် အလာဒွိုက်စ်က “ဒီမတိုင်ခင်မှာ ဘာတွေပဲ ဖြစ်ခဲ့ပါစေ ကျွန်တော်တို့ စည်းစည်းလုံးလုံးနဲ့ ပြန်လည်ကြိုးစားကြရပါမယ်။ အခုအချိန်ကစပြီး ကလပ်တစ်ခုလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ ရှေ့ဆက်ကြပါမယ်။ ကလပ်အသင်းတစ်သင်းမှာ ပရိသတ်တွေက အရမ်းအရေးကြီးပါတယ်။ ကစားသမားတွေအနေနဲ့ ကိုယ့်ရဲ့အစွမ်းရှိသလောက် ကြိုးစားကြရပါမယ်။ ကျွန်တော့်အနေနဲ့အမှန်တကယ်ကို စိတ်အားတက်ကြွပြီး စိတ်လှုပ်ရှားနေပါတယ်” ဟု ပြောဆိုခဲ့သည်။

အသက် ၆၃ နှစ်အရွယ်ရှိ အလာဒွိုက်စ်သည် ပရီးမီးယားလိဂ်ကလပ်အသင်းပေါင်း ရ သင်းကို ကိုင်တွယ်ခဲ့ဖူးသူ ဖြစ်သည်။ အလာဒွိုက်စ်သည် အဲဗာတန်တွင် တစ်နှစ်လစာငွေ ပေါင် ၆ သန်းရရှိမည်ဖြစ်ပြီး အဆိုပါပမာဏမှာ လက်ရှိနည်းပြများထဲတွင် ဆဋ္ဌမမြောက် လစာငွေအများဆုံးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly