အင်စတာဂရမ်၌ ပရိသတ်အများဆုံးပုဂ္ဂိုလ်အဖြစ် ဆက်လက်ရပ်တည်နေသည့် ဆယ်လီနာဂိုမက်ဇ်

အင်စတာဂရမ်၌ ပရိသတ်အများဆုံးပုဂ္ဂိုလ်အဖြစ် ဆက်လက်ရပ်တည်နေသည့် ဆယ်လီနာဂိုမက်ဇ်

 

နာမည်ကျော်ဘောလုံးသမား ခရစ္စတီယာနိုရော်နယ်ဒိုသည် ယခုနှစ်တွင် အင်စတာဂရမ်၌ ပရိသတ်အများဆုံး ထိပ်သီးပုဂ္ဂိုလ်နေရာသို့ အဆင့်များစွာခုန်တက်၍ ရောက်ရှိလာသော်လည်း ပေါ့ပ်အဆိုတော်မလေး ဆယ်လီနာ ဂိုမက်ဇ်ကသာ အင်စတာဂရမ်၌ပရိသတ်အများဆုံး လူပုဂ္ဂိုလ်အဖြစ် ဆက်လက်သရဖူဆောင်းနိုင်ခဲ့သည်။

Forbes မဂ္ဂဇင်း၏အဆိုအရ အမေရိကန်ဒေါ်လာ ၉၃သန်းခန့် ၀င်ငွေရရှိကာ ယခုနှစ်၏ဝင်ငွေအကောင်းဆုံး အားကစားသမားအဖြစ် ရပ်တည်နေသော ရော်နယ်ဒိုသည် အင်စတာဂရမ်၌ ပရိသတ်ပေါင်း ၁၁၆ သန်းခန့် ရရှိကာ ပရိသတ်အများဆုံးစာရင်း၏ နံပါတ် ၂နေရာ၌ ရပ်တည်နေသည်။ သူသည် ပြီးခဲ့သောနှစ်က ပရိသတ် ပေါင်း ၈၂.၈ သန်းခန့်ဖြင့် နံပါတ် ၆ နေရာ၌ရပ်တည်နေခဲ့ရာမှ ယခုလိုအဆင့်များစွာ ခုန်တက်လာခြင်းဖြစ်သည်။

ပြီးခဲ့သောနှစ်က ပရိသတ်ပေါင်း ၁၀၃သန်းဖြင့် ထိပ်ဆုံးမှဦးဆောင်နေခဲ့သော ဆယ်လီနာဂိုမက်ဇ်သည် ယခုနှစ် တွင် ပရိသတ်ပေါင်း ၁၃၀ခန့်အထိမြင့်တက်လာကာ အင်စတာဂရမ်၌   ဖော်လို၀ါအများဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်လျက်ရှိသည်။

ဓာတ်ပုံများ၊ ဗီဒီယိုများကိုတင်ပြီး မိမိ၏လုပ်ဆောင်ချက်အားလုံးကိုချပြကာ လူအများနှင့်ထိတွေ့ခွင့်ရရှိနေသည့် Facebook လက်အောက်ရှိ Instagram အက်ပလီကေးရှင်းကို နေ့စဉ်အသုံးပြု သန်း၅၀၀ခန့်ရှိကြောင်း သိရ သည်။

ယခုနှစ်၏ အင်စတာဂရမ်၌ပရိသတ်အများဆုံး ပုဂ္ဂိုလ် ၅ ဦးစာရင်းတွင် အဆိုတော်အာရီယာနာဂရန်ဒီက ပရိသတ် ၁၁၅ သန်းဖြင့် နံပါတ် ၃ နေရာ၊ ဘီယွန်းစေးက ပရိသတ် ၁၀၈သန်းဖြင့် နံပါတ် ၄ နေရာနှင့် မော်ဒယ်ဖြစ်သူ ကင်မ်ကာဒါရှန်းက ပရိသတ် ၁၀၄သန်းဖြင့် နံပါတ် ၅ နေရာ၌ အသီးသီးရပ်တည်လျက်ရှိသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly