အဆိုတော် မို့မို့ ၏ Simply Acoustic ဖျော်ဖြေပွဲ ဒီဇင်ဘာ ၁၆ရက်တွင် ပြုလုပ်မည်

အဆိုတော် မို့မို့ ၏ Simply Acoustic ဖျော်ဖြေပွဲ ဒီဇင်ဘာ ၁၆ရက်တွင် ပြုလုပ်မည်

 

ရန်ကုန် ၊ နိုဝင်ဘာ ၂၉ ။           ။ ဂီတလောကမှ အတန်ကြာ ပျောက်ကွယ်သွားခဲ့သည့် အဆိုတော် မို့မို့သည် ၎င်း၏ Simply Acoustic ဟု အမည်ပေးထားသည့် တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ဒီဇင်ဘာ ၁၆ရက်တွင် ရန်ကုန်မြို့ ပြည်လမ်းရှိ Marcedes Myanmar Showroom ၌ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

အဆိုတော် မို့မို့သည် ဂီတလောကမှ အတန်ကြာ ပျောက်ကွယ်ပြီး နောက်တွင် ပထမဆုံး ပြန်ပြီး ဖျော်ဖြေသော ပွဲတစ်ခုဖြစ်ကာ ၎င်းနှင့်အတူ အမျိုးသား အဆိုတော် ၃ဦး ဖြစ်သည့် အဆိုတော် မျိုးကျော့မြိုင် ၊ ဝေလ ၊ ဖြိုးပြည့်စုံတို့က ပါ၀င်သီဆိုပေးကြမည် ဖြစ်၍ Plus Three Music Band မှ တီးခတ်ပေးသွားမည် ဖြစ်သည်။

 Plus Three Band သည် ကိုဥက္ကာဦးသာ မှ ၂၀၀၇ ခုနှစ်တွင် တည်ထောင်ခဲ့ကာ Percussion ကိုနေသစ်မိုး၊ Lead Guitar ကိုရန်နိုင်၊ Drum ကိုပါဂျဲ နှင့် Base Guitar ကိုဘိုကျင် တို့ဖြင့် ဖွဲ့စည်းထားပြီး ၂၀၀၇ မှ ခုချိန်ထိ တေးစီးရီးပေါင်းများစွာ၊ ပွဲပေါင်းများစွာကို အသံသွင်းယူ၊ တီးခတ်ဖျော်ဖြေခဲ့တဲ့ နာမည်ကျော် Band တစ်ခုဖြစ်သည်။

 Simply Acoustic ဆိုသည့်အတိုင်း Unplugged Live Music များကို Unplugged Version စစ်စစ်များဖြင့် တီးခတ်ဖျော်ဖြေမည် ဖြစ်ပြီး Jazz Style Table Seating Concert ဖြစ်သည့် အတွက် ညနေစာ အစားအသောက် များဖြင့်လည်း တည်ခင်း ဧည့်ခံမည် ဖြစ်သည်။ ညနေစာများကို Cafe De Seoul မှ တာဝန်ယူ ချက်ပြုတ်ပြင်ဆင်ပေးမှာဖြစ်ပြီး၊ ပွဲအတွက် ဝိုင်များကိုတော့ "Oattara Company Limited" က Sponsor အဖြစ် ကူညီ ပေးထားသည်။

 ထို တစ်ကိုယ်တော် ဖျော်ဖြေပွဲကို လူ ၂၀၀ ခန့်ဖြင့်သာ ပြုလုပ်ကျင်းပမည် ဖြစ်ပြီး လက်မှတ်များကို ဒေါ်လာ ၁၅၀ ၊ ဒေါ်လာ ၁၂၀ ၊ ဒေါ်လာ ၅၀ ဆိုပြီး သတ်မှတ်ထားကာ ဒေါ်လာ ၁၅၀ နှင့် ဒေါ်လာ ၁၂၀ ၊ လက်မှတ်များ အတွက် Simply Acoustic ကော်ဖီမစ်ခွက် တစ်ခွက် ၊ ၂၀၀၅-၂၀၁၇ မှ အဆိုတော် မို့မို့ ၏ သီချင်း compilation CD တစ်ချပ် လက်ဆောင် ထည့်သွင်းပေးထားကာ ဒေါ်လာ ၁၅၀ ၊ ဒေါ်လာ ၁၂၀ ၊ ဒေါ်လာ ၅၀ လက်မှတ် အားလုံးအတွက် Mercedes Benz မှနောက်ဆုံးထုတ် V Class စာအုပ်တစ်အုပ် ၊ L’Oréal မှ Anti Wrinkle Day Cream တစ်ဘူး ၊ L’Oréal မှ Anti Wrinkle Night Cream တစ်ဘူး ၊ Queen Clinic မှ ငွေကျပ် ၃၀၀၀၀တန် Gift Voucher တစ်ခု ၊ OATTARA မှ နောက်ဆုံးထုတ် ဝိုင်စာရင်း ၊ ISLAND FLOWER မှ ကျပ် ၁၈၀၀၀၀တန် နှင့် ကျပ် ၁၅၀၀၀တန် gift voucher တစ်ခုစီ ၊ Balance Fitness မှ ၃ရက် အခမဲ့ ဝင်ခွင့် နှင့် Balance Fitness Magazine တို့ လက်ဆောင်အဖြစ် ထည့်သွင်းပေးထားသည်။

ဖျော်ဖြေပွဲကို Live Recording ပြုလုပ်ထားမည် ဖြစ်ကာ အခွေအဖြစ် ပြန်လည် ထုတ်လုပ်ဖြန့်ချိရန် ဖြစ်စေ၊  အွန်လိုင်းတွင် တင်ခြင်း ဖြစ်စေ ၊ TV Channel များတွင် ထုတ်လွှင့်ခြင်း ဖြစ်စေ တစ်ခုခု ပြုလုပ်ရန်လည်း စီစဉ်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly