IU ၏ ဖျော်ဖြေပွဲ၌ ဧည့်သည်အဆိုတော်အဖြစ် ပါ၀င်သွားမည်ဟု G-Dragon အတည်ပြု

IU ၏ ဖျော်ဖြေပွဲ၌ ဧည့်သည်အဆိုတော်အဖြစ် ပါ၀င်သွားမည်ဟု G-Dragon အတည်ပြု

 

တောင်ကိုရီးယားအမျိုးသားပေါ့ပ်ဂီတအဖွဲ့ BIGBANG မှ အဆိုတော် G-Dragon သည် အဆိုတော်မလေး IU ၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲ၌ ဧည့်သည်အဆိုတော်အဖြစ် ပါ၀င်ဖျော်ဖြေသွားမည်ဟု အတည်ပြုခဲ့သည်။

နိုဝင်ဘာလ ၂၉ရက်နေ့တွင် IU ၏အေဂျင်စီမှတာဝန်ရှိသူများက “လာမည့်ဒီဇင်ဘာလ ၉ ရက်နေ့မှာကျင်းပမယ့် IU ရဲ့တစ်ကိုယ်တော်ဖျော်ဖြေပွဲမှာ G-Dragon က ပါ၀င်ဖျော်ဖြေသွားမယ်ဆိုတဲ့သတင်းက မှန်ကယ်ပါတယ်” ဟု အတည်ပြုပေးခဲ့သည်။

လွန်ခဲ့သောအောက်တိုဘာလက တိုင်ပေတွင်ကျင်းပခဲ့သော G-Dragon ၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲတွင် IU သည် ပရိသတ်များ မမျှော်လင့်ပဲအံ့သြသင့်သွားအောင် လာရောက်ဖျော်ဖြေပေးခဲ့ဖူးသည်။ ယခုအခါတွင် IU က G-Dragon အား ဒီဇင်ဘာတွင်ကျင်းပမည့် သူမ၏တစ်ကိုယ်တော်ဖျော်ဖြေပွဲ၌ လာရောက်ဖျော်ဖြေပေးရန် ဖိတ်ကြားခဲ့ချိန်တွင် သူက တွေဝေခြင်းမရှိဘဲ မဆိုင်းမတွလက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

G-Dragon ဧည့်သည်အဆိုတော်အဖြစ် ပါ၀င်ဖျော်ဖြေပေးမည့် IU ၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို ဆိုးလ်မြို့ရှိ Jamsil Indoor အားကစားကွင်းကြီး၌ ကျင်းပသွားမည်ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required