ယာဉ်မတော်တဆဖြစ်မှု၌ ပါ၀င်ခဲ့သည့် Taeyeon

ယာဉ်မတော်တဆဖြစ်မှု၌ ပါ၀င်ခဲ့သည့် Taeyeon

 

တောင်ကိုရီးယားအမျိုးသမီးပေါ့ပ်ဂီတအဖွဲ့ Girls’ Generation ၏ အဖွဲ့ဝင်ဖြစ်သူ အဆိုတော် Taeyeon သည် နို၀င်ဘာလ ၂၈ ရက်နေ့ကဖြစ်ပွားခဲ့သည် ယာဉ်မတော်တဆဖြစ်မှု၌ ပါ၀င်ခဲ့သည်။

အခင်းဖြစ်ပွားရာနေရာသို့ ပထမဦးဆုံးရောက်ရှိလာခဲ့သော ရဲအရာရှိက ဖြစ်စဉ်နှင့်ပက်သက်၍ ပဏာမဖော်ပြ ချက်တစ်ခုကို မကြာခင်က ထုတ်ပြန်ခဲ့သည်။

“မတော်တဆမှုဖြစ်ပွားတဲ့အချိန်မှာ Taeyeon ဟာ တုန်လှုပ်နေခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာပါ၀င်ခဲ့တဲ့ တခြားသူတွေ ဟာလည်း အသေးစားဒဏ်ရာတွေ ရရှိခဲ့ပါတယ်” ဟု Nonhyeon ရဲစခန်း၏ထုတ်ပြန်ချက်ကို OSEN သတင်းစာ က ဖော်ပြခဲ့သည်။

လူမှုမီဒီယာများပေါ်၌ ပျံ့နှံ့နေသောသတင်းများနှင့်ပက်သက်၍ ရဲတပ်ဖွဲ့က Taeyeon အား အရက်သေစာ သောက်သုံးထားခြင်းရှိမရှိ စစ်ဆေးခဲ့ခြင်းမရှိသည်ကို ပြန်လည်ဖြေရှင်းခဲ့သည်။ ရဲတပ်ဖွဲ့က “အရက်သေစာ သောက်သုံးထားတယ်လို့ သံသယဖြစ်မိခဲ့ရင် ကျနော်တို့စစ်ဆေးမိမှာပါ။ ဒါပေမယ့် Taeyeon ရဲ့ဖြစ်စဉ်မှာတော့ သူမ အရက်သောက်သုံးထားတယ်လို့ မတွေ့မိပါဘူး။ ဒါကြောင့် သူမရဲ့သွေးထဲက အယ်လ်ကိုဟောပမာဏကို ကျနော်တို့ မစစ်ဆေးခဲ့တာဖြစ်ပါတယ်” ဟု ဖြေရှင်းထားသည်။

မတော်တဆမှုဖြစ်ပွားပြီးနောက် နာရီပိုင်းအကြာတွင် Taeyeon ၏ အေဂျင်စီဖြစ်သော SM Entertainment က ဖြစ်စဉ်နှင့်ပက်သက်၍ ရှင်းလင်းပြောဆိုခဲ့ပြီး တောင်းပန်မှုပြုလုပ်ခဲ့သည်။

တရားဝင်ထုတ်ပြန်ခဲ့သော ကြေညာချက်ထဲ၌ SM Entertainment က “ ဒီကနေ့ည ရး၄၀ နာရီလောက်မှာ Taeyeon ဟာ ကိုယ်ရေးကိုယ်တာကိစ္စတစ်ခုကြောင့် ကားမောင်းထွက်လာခဲ့ပြီး နမော်နမဲ့နိုင်တဲ့ ကားမောင်းမှု ကြောင့် မတော်တဆမှုဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် သူမဟာ အခြားယာဉ်မောင်းများနှင့် ခရီးသည်များကို တောင်းပန်ခဲ့ရပြီး ဒီကိစ္စကိုသေသေချာချာ ဖြေရှင်းသွားမှာဖြစ်ပါတယ်” ဟု ဖော်ပြထားသည်။

Taeyeon သည်ကားမောင်းလာစဉ်တွင် သူမကားရှေ့မှ တက္ကစီတစ်စီးကိုအရှိန်မထိန်းနိုင်ဘဲ ၀င်တိုက်ခဲ့ပြီး ထို့နောက် ထိုတက္ကစီသည်၄င်း၏ရှေ့မှကားကိုဆက်တိုက်ကာ ကားသုံးစီးဆင့်တိုက်မှု   ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required