‘ဇန်နဝါရီမှာ ဆန်းချက်ဇ်နှင့် အိုဇေးတို့ အသင်းကနေ ထွက်ခွာသွားမှာ မဟုတ်’ ~ နည်းပြ အာဆင်ဝင်းဂါး

‘ဇန်နဝါရီမှာ ဆန်းချက်ဇ်နှင့် အိုဇေးတို့ အသင်းကနေ ထွက်ခွာသွားမှာ မဟုတ်’ ~ နည်းပြ အာဆင်ဝင်းဂါး
(ဓာတ်ပုံ - အီးပီအေ)

အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ချီလီတိုက်စစ်မှူး ဆန်းချက်ဇ်နှင့် ဂျာမန်ကွင်းလယ်လူ အိုဇေးတို့ရဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းကနေ ထွက်ခွာသွားမယ်ဆိုတဲ့ သတင်းတွေကို ပယ်ချခဲ့ကြောင်း အင်္ဂါနေ့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အာဆင်နယ်အသင်းရဲ့ အဓိကကစားသမားတွေဖြစ်တဲ့ ဆန်းချက်ဇ်နှင့် အိုဇေးတို့ နှစ်ဦးရဲ့ စာချုပ်တွေဟာ  ၂၀၁၈ ခုနှစ် ဇွန်လမှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ ဒါပေမယ့် ကစားသမားနှစ်ဦးဟာ စာချုပ်သက်တမ်းတိုးခြင်း မရှိသေးပါဘူး။

“ကျနော့်ခေါင်းထဲမှာတော့ သူတို့ဟာ ရာသီကုန်တဲ့အထိ ရှိနေဦးမှာဖြစ်ပါတယ်။ မယုံနိုင်စရာ တစ်ခုခု မဖြစ်ပျက်ခဲ့ရင်ပေါ့။ ဒါလည်း ဖြစ်လာဖို့ ကျနော် မမြင်ပါဘူး။ သူတို့နှစ်ဦးရဲ့ စာချုပ်တွေက နောက်ဆုံးနှစ်ထဲ ရောက်ရှိနေပါပြီ။ သူတို့ ကြာကြာနေမှာလား? ဒါကို ကျနော် မသိလို့ ဒီနေ့အတွက် ဖြေဆိုဖို့ မဖြစ်နိုင်ပါဘူး။”လို့ နည်းပြ ဝင်းဂါးက ပြောပါတယ်။

ဝင်းဂါးကတော့ သူဟာ လာမယ့်ရာသီမှာ ကစားသမားနှစ်ဦးလုံးကို အသင်းမှာ ထိန်းသိမ်းနိုင်မယ်လို့ ယုံကြည်နေပါတယ်။

အိုဇေးဟာ ရီးယဲလ်အသင်းမှ အာဆင်နယ်အသင်းသို့ ၂၀၁၃ ခုနှစ် စက်တင်ဘာလကတည်းက ရောက်ရှိခဲ့ပြီး ဆန်းချက်ဇ်ကတော့ ဘာစီလိုနာအသင်းမှ ဂန်းနားတို့ဆီ ၂၀၁၄ ခုနှစ် ဇူလိုင်လက ပူးပေါင်းခဲ့ပါတယ်။

Ref; EFE-EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required