ကျောက်မီးသွေးတွင်း လေပိုက် ပေါက်ကွဲမှု သေဆုံးသူအလောင်း ထပ်တွေ့

ကျောက်မီးသွေးတွင်း လေပိုက် ပေါက်ကွဲမှု သေဆုံးသူအလောင်း ထပ်တွေ့

မင်းဘူး/စကုမြို့နယ်ရှိ ကျောက်မီးသွေးတွင်း လေပေါက် ပေါက်ကွဲမှုဖြစ်ပွားရာ လူ ၆ ဦးပိတ်မိနေရာ ၃ ဦးအား သေဆုံးလျှက် တူးဖော်ရရှိခဲ့ပြီးနောက် ယနေ့ ညပိုင်းတွင် ထပ်မံပြီး သေဆုံးလျှက် တစ်ဦး ထပ်တွေ့ရှိခဲ့သည်။

အဆိုပါ ပိတ်ဆို့နေမှုကို လူအားနှင့် ဆက်လက်တူးဖော်နေခြင်းဖြစ်ပြီး ကျော်မင်း ကျောက်မီးသွေးတွင်းလုပ်သား ၃၂ နှစ် နှင့် ၀င်းဌေး ၄၂ နှစ် တို့အား ယနေ့ မွန်းလွဲ ၂ နာရီ ၄၅ခန့်တွင် တွေ့ရှိခဲ့ပြီး ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် အမည်မသိရသေးသူတစ်ဦး တွေ့ရှိခဲ့ပြီး ကျော်မြင့် ခေါ် ရန်နိုင်ဦးဟု အတည်ပြုနိုင်ခဲ့သည်။

ညနေ ၆ နာရီ ၅၀ မိနစ်ခန့်တွင် ကျော်စိုး ၃၉ နှစ်၊ မြစ်ကြီးနားနေသူ ရုပ်အလောင်းတွေ့ရှိခဲ့ပြီး လက်ရှိတွင် တရုတ်နိုင်ငံသား ၁ ဦး၊ မြန်မာ ၁ ဦး ဆက်လက်ပိတ်မိနေဆဲ ဖြစ်ကာ စုစုပေါင်း လေးဦး   သေဆုံးခဲ့ပြီး ဖြစ်သည်။

မကွေးတိုင်းဒေသကြီး မင်းဘူး/စကုမြို့နယ် မန်းရွှေစက်တော် နှင့် ငဖဲသွားလမ်း မန်းရွှေစက်တော်နှင့် ၂ မိုင်ခန့် အကွာရှိ ဟန်ထက်ကျောက်မီးသွေးတူးဖော်ရေးကုမ္ပဏီမှ တူးဖော်လုပ်ကိုင်နေသည့်   ကျောက်မီးသွေးတွင်း အတွင်းသို့ ပို့လွှတ်သည့် လေပိုက်ပေါက်မှု ယမန်နေ့က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required