ရခိုင်လူမှု့အသိုက်အဝန်းများကြား ယုံကြည်မှုနှင့် နားလည်မှု လျော့ပါးနေဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ရခိုင်လူမှု့အသိုက်အဝန်းများကြား ယုံကြည်မှုနှင့် နားလည်မှု လျော့ပါးနေဟု ဒေါ်အောင်ဆန်းစုကြည် ပြော
Photo-ရိုက်တာ

ရခိုင် လူမှု့အသိုက်အဝန်းများကြား ယုံကြည်မှုနှင့် နားလည်မှု ဆုတ်ယုတ်လျော့ပါးနေလျက်ရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလ ၂၈ ရက်မှာ ပြောလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်အရ သိရသည်။

“ကျွန်မတို့ အစိုးရဟာဆိုရင် စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်နေရပါတယ်။ ရခိုင်ပြည်နယ်က အခြေအနေကတော့ ကမ္ဘာက သည်းသည်းထန်ထန် စိတ်ဝင်စားနေတဲ့ ပြဿ      နာ ကိစ္စရပ်ဖြစ်ပါတယ်။”ဟု   နေပြည်တော်တွင် ပုပ်ရဟန်းမင်းကြီးအား ကြိုဆိုသည့် အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခြင်းဖြစ်သည်။

ပုပ်ရဟန်းမင်းကြီးအနေဖြင့် မြန်မာနိုင်ငံခရီးစဉ်၏ ဒုတိယမြောက်ခရီးစဉ်အဖြစ် နေပြည်တော်သို့ ရောက်ရှိနေခြင်း ဖြစ်သည်။

“လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးတွေမှာ ရခိုင်ပြည်နယ်က မတူညီတဲ့ အသိုက်အဝန်းတွေကြား ယုံကြည်မှု၊ နားလည်မှု၊ သဟဇာတဖြစ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာ ဆုတ်ယုတ်လျော့ပါးနေတဲ့   ရေရှည်စွဲမြဲနေတဲ့ ပြဿ      နာကို  ကျွန်မတို့ ကိုင်တွယ်ဖြေရှင်းနေရတာဖြစ်တာကြောင့် ကျွန်မတို့ရဲ့ ကြိုးပမ်းအားထုတ်နေမှုကို မြင်တွေ့လိုကြတဲ့ မိတ်ဆွေကောင်းတွေနဲ့ ကျွန်မတို့ရဲ့ ပြည်သူတွေရဲ့ ထောက်ခံမှုကသာ တကယ်ကို တန်ဖိုးမဖြတ်နိုင်တာ ဖြစ်ပါတယ်။”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ပုပ်ရဟန်းမင်းကြီးသည် မြန်မာနိုင်ငံသို့ လေးရက်တာ ခရီးစဉ်အဖြစ် နိုဝင်ဘာ ၂၇ ရက်နေ့တွင် စတင် ရောက်ရှိနေကာ မြန်မာနိုင်ငံ ခရီးစဉ်အပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required