The Aeronauts ဇာတ်ကား၌သရုပ်ဆောင်ရန် အက်ဒီရက်မိန်းနှင့် ဖယ်လစ်စတီဂျံုးစ်တို့ဆွေးနွေး

The Aeronauts ဇာတ်ကား၌သရုပ်ဆောင်ရန် အက်ဒီရက်မိန်းနှင့် ဖယ်လစ်စတီဂျံုးစ်တို့ဆွေးနွေး

 

The Theory of Everything ရုပ်ရှင်ဇာတ်ကား၏ သရုပ်ဆောင်များဖြစ်ကြသော အက်ဒီရက်မိန်းနှင့် ဖယ်လစ် စတီဂျံုးစ်တို့သည် Amazon ရုပ်ရှင်စတူဒီယိုမှထုတ်လုပ်မည့် The Aeronauts ဇာတ်ကား၌ သရုပ်ဆောင်ရန် ဆွေးနွေးညှိုနှိုင်းမှုများပြုလုပ်နေကြသည့်အတွက် သူတို့နှစ်ဦး၏တွဲဖက်သရုပ်ဆောင်မှုများကို ထပ်မံမြင်တွေ့ ရဦးမည်ဖြစ်သည်။

ထိုဇာတ်ကား၏ဇာတ်ညွှန်းအား ဂျက်ခ်သောန်က ရေးသားမည်ဖြစ်ပြီး War & Peace ရုပ်သံဇာတ်လမ်း၏ ဒါရိုက်တာဖြစ်သော တွမ်ဟာပါက ရိုက်ကူးမည်ဟု သိရသည်။

The Aeronauts ဇာတ်ကားသည် ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ကို ဇာတ်အိမ်တည်ထားခြင်းဖြစ်ပြီး ဂျံုးစ်က မိုးပျံပူဖောင်းမောင်းနှင်ပျံသန်းမည့် အမ်မလီယာဝန်းအဖြစ် သရုပ်ဆောင်မည်ဖြစ်ပြီး ရက်မိန်းက သိပ္ပံပညာရှင် ဂျိမ်းစ်ဂလိုက်ရှာအဖြစ် သရုပ်ဆောင်မည်ဖြစ်သည်။

သူတို့နှစ်ဦးသည် လွန်ခဲ့သော ၁၈၆၂ခုနှစ်က နိဗ္ဗာန်ဘုံ၏ လျှို့ဝှက်ချက်ကိုရှာဖွေရန်အတွက် မီးပုံးပျံကြီးစီး၍ အံ့မခန်းသောခရီးတစ်ခုကို စတင်ခဲ့ကြသည်။ သူတို့နှစ်ဦးသည် မည်သူတစ်ဦးမှရောက်ရှိနိုင်ခဲ့ခြင်းမရှိသေး သော ကောင်းကင်ယံအမြင့်တစ်ခုအထိ မီးပုံးပျံစီး၍ပျံသန်းနိုင်ခဲ့ကြသည်။

သူတို့နှစ်ဦးသည် ရင်သပ်ရှုမောဖွယ်ရာ ရှာဖွေတွေ့ရှိမှုများကို လုပ်ဆောင်နိုင်ခဲ့သော်လည်း Atmosphere ကမ္ဘာ့လေထုအလွှာ၏ အမြင့်ဆုံးနေရာသို့ ရောက်ရှိလာစဉ်တွင် အခက်အခဲများကိုကြံုတွေ့ခဲ့ရပြီး အသက်ရှင် ရပ်တည်နိုင်ရန် ကြိုးပမ်းကြပုံအား ယင်းဇာတ်ကား၌ တွေ့မြင်ရမည်ဖြစ်သည်။

ဇာတ်ကားထုတ်လုပ်ရေးစတင်မည့်အချိန်ကိုမူ ကြေညာနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ရက်မိန်းနှင့် ဂျံုးစ်တို့သည် The Theory of Everything ဇာတ်ကား၌ အတူတကွသရုပ်ဆောင်ခဲ့ကြပြီး စတက်ဖန်ဟော့ကင်းဇာတ်ကောင်နေရာမှ သရုပ်ဆောင်ခဲ့သည့် ရက်မိန်းသည် အော်စကာဆုကို ထိုက်ထိုက် တန်တန်ဆွတ်ခူးခဲ့သလို ဂျံုးစ်သည်လည်း အော်စကာဆုအတွက် ဇကာတင်စာရင်းထဲ၌ ပါ၀င်ခဲ့သည်။

လက်ရှိတွင် ရက်မိန်းသည် Fantastic Beasts: The Crimes of Grindelwald ဇာတ်ကားအတွက် သရုပ်ဆောင်နေပြီး ဂျံုးစ်က မကြာသေးခင်ကမှထွက်ရှိခဲ့သည့် Star Wars: Rogue One ၌ ပါ၀င်သရုပ်ဆောင် ထားခဲ့သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required