Billboard အယ်လ်ဘမ် ၂၀၀ ဇယား၌ တေလာဆွစ်၏ Reputation က ထိပ်ဆုံးမှဆက်လက်ဦးဆောင်

Billboard အယ်လ်ဘမ် ၂၀၀ ဇယား၌ တေလာဆွစ်၏ Reputation က ထိပ်ဆုံးမှဆက်လက်ဦးဆောင်

 

ကျေးလက်အဆိုတော် တင်မ်မက်ဂရောနှင့် ဂါ့သ်ဘရွတ်ခ်တို့၏ တေးအယ်လ်ဘမ်အသစ်များ ထွက်ရှိလာခဲ့ သော်လည်း ယခုအပတ်၏ အမေရိကန် Billboard အကောင်းဆုံး တေးအယ်လ်ဘမ် ၂၀၀ ဇယားထိပ်ဆုံး၌ တေလာဆွစ်၏ Reputation ကသာ ဆက်လက်ဦးဆောင်နေကြောင်း Nielsen Music ၏ တနင်္လာနေ့က ထုတ်ပြန်ချက်အရ သိရသည်။

တေလာဆွစ်၏ Reputation အယ်လ်ဘမ်သည် စတင်ထွက်ရှိသည့်အချိန်တွင် အချပ်ရေ ၁.၂ သန်းခန့်ရောင်းချ ခဲ့ရပြီး ပြီးခဲ့သောအပတ်ကတည်းက Billboard အယ်လ်ဘမ် ၂၀၀ဇယား၌ နံပါတ်တစ်နေရာမှ ဦးဆောင်နေခဲ့ ကာ ယခုအပတ်တွင်လည်း နောက်ထပ်အချပ်ရေ ၂၅၆၀၀၀ ခန့် ရောင်းချခဲ့ရကြောင်း Nielsen Music ၏အဆို အရ သိရသည်။ ဒါ့အပြင် Reputation အယ်လ်ဘမ်သည် ၂၀၁၇ ခုနှစ်၏ ပွဲဦးထွက်ရောင်းအားအကောင်းဆုံး အယ်လ်ဘမ်တစ်ချပ်လည်းဖြစ်သည်။

ယခုအပတ်တွင်စတင်ဖြန့်ချီခဲ့သည့် ကျေးလက်အဆိုတော် မက်ဂရော၏ “Rest of Our Life” အယ်လ်ဘမ်က အချပ်ရေ ၁၀၄၀၀၀ ခန့် ရောင်းချနိုင်ခဲ့ပြီး ယခုအပတ် Billboard 200 ဇယား၏နံပါတ် ၂ နေရာ၌ရပ်တည်နေ ကာ ဗြိတိန်အဆိုတော် ဆမ်စမစ်၏ The Thrill of it All အယ်လ်ဘမ်က နံပါတ် ၃ နေရာ၌ရပ်တည်နေပြီး သူ၏နောက်တွင် အချပ်ရေ ၅၃၀၀၀ ခန့် ရောင်းချနိုင်ခဲ့သော ဘရွတ်၏ Anthology: The First Five Years အယ်လ်ဘမ်က နံပါတ် ၄ နေရာ၌ ရပ်တည်လျက်ရှိသည်။

Billboard အကောင်းဆုံး အယ်လ်ဘမ် ၂၀၀ ဇယားအား ရေတွက်ပုံမှာ အယ်လ်ဘမ်ရောင်းချရမှုများ၊ သီချင်း ရောင်းချရမှုအကြိမ်ရေ ( သီချင်းဆယ်ပုဒ်မှာ အယ်လ်ဘမ်တစ်ချပ်နှင့်ညီမျှ) ၊ အင်တာနက်မှ သီချင်းနားဆင်မှု အကြိမ်ရေ ( နားဆင်မှုအကြိမ် ၁၅၀၀ မှာ အယ်လ်ဘမ်တစ်ချပ်နှင့်ညီမျှ) တို့အား တွက်ချက်၍ အဆင့်သတ် မှတ်ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required