ဘရိုက်တန်နောက်ခံလူဘောင်းကို ကန်ခဲ့သည့် မန်ယူတိုက်စစ်မှူး လူကာကူ FA ၏အရေးယူခြင်းမခံရ

ဘရိုက်တန်နောက်ခံလူဘောင်းကို ကန်ခဲ့သည့် မန်ယူတိုက်စစ်မှူး လူကာကူ FA ၏အရေးယူခြင်းမခံရ

နိုဝင်ဘာ ၂၈၊ အင်္ဂလန် ။           ။ ဘရိုက်တန်နောက်ခံကစားသမား ဂိုက်တန်ဘောင်းကို ကန်ခဲ့သည့် မန်ယူတိုက်စစ်မှူး လူကာကူကို FA က အနာဂတ်တွင် ယခုကဲ့သို့ မပြုလုပ်ရန်သာ သတိပေးခဲ့ပြီး အရေးယူခြင်း မပြုလုပ်ခဲ့ပေ။

ထို့ကြောင့် လူကာကူသည် သုံးပွဲပယ်ပြစ်ဒဏ်ကျခံရမည့်အရေးမှ လွတ်ကင်းသွားခဲ့ပြီး ၀က်ဖို့ဒ်၊ အာဆင်နယ်၊ မန်စီးတီးတို့နှင့်ပွဲစဉ်များတွင် ပါ၀င်ကစားနိုင်တော့မည် ဖြစ်သည်။

မန်ယူက ၁-၀ ဖြင့်အနိုင်ရခဲ့သည့် ထိုပွဲတွင် လူကာကူမှာ ဘောင်းကို နောက်ပြန် ၂ ကြိမ်ကန်ခဲ့ခြင်းဖြစ်သည်။ ဗီဒီယိုဖိုင်များတွင် ထိုကဲ့သို့ကျူးလွန်ခဲ့သည်ကို တွေ့ရသော်လည်း အက်ဖ်အေက အရေးယူခြင်းမပြုဘဲ ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးလိုက်ခြင်း ဖြစ်သည်။ ထိုဖြစ်ရပ်ကို ပြန်လည်သုံးသပ်သည့် တာဝန်ရှိသူသုံးဦးစလုံးက သဘောထားညီညွတ်ကြသည့်အတွက် လူကာကူကို အရေးမယူခဲ့ခြင်းဖြစ်သည်။ လူကာကူသည် ယခုနှစ်တွင် ယခုကဲ့သို့ ပြစ်ဒဏ်လွတ်မြောက်ခဲ့သည်မှာ ၂ ကြိမ်ရှိပြီ ဖြစ်သည်။

ပွဲကျပ်ကာလရင်ဆိုင်ရတော့မည်မန်ယူအသင်းနှင့် နည်းပြမော်ရင်ဟိုအတွက် အက်ဖ်အေ၏ထုတ်ပြန်ချက်မှာ သတင်းကောင်း ဖြစ်ခဲ့ရသည်။

ရည်ညွှန်း- ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly