စီးရီးအေအကောင်းဆုံးဘောလုံးသမားဆုကို ဘတ်ဖွန် ပထမဆုံးအကြိမ် ရရှိ

စီးရီးအေအကောင်းဆုံးဘောလုံးသမားဆုကို ဘတ်ဖွန် ပထမဆုံးအကြိမ် ရရှိ

နိုဝင်ဘာ ၂၈၊ အီတလီ ။            ။ ၂၀၁၆-၁၇ စီးရီးအေတစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုပေးပွဲအခမ်းအနားကို မီလန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ရာ ဂျူဗင်တပ်စ်ဂိုးသမား ဘတ်ဖွန်က အကောင်းဆုံးကစားသမားဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးရရှိသွားခဲ့သည်။

အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်ပြီး ဘောလုံးလောကမှ အနားယူတော့မည့်ဘတ်ဖွန်သည် စီးရီးအေအကောင်းဆုံးဆုံး ဂိုးသမားဆုကို အကြိမ်ကြိမ်ရရှိခဲ့ဖူးသော်လည်း တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ယခုမှ ပထမဆုံးအကြိမ်ရရှိခြင်း ဖြစ်သည်။

စီးရီးအေတစ်နှစ်တာအကောင်းဆုံး ကစားသမား ၁၁ ဦးကို ရွေးချယ်ခဲ့ရာတွင် နည်းပြအယ်လီဂရီ၏ချန်ပီယံဂျူဗင်တပ်စ်အသင်းမှ ရ ဦးအထိ ပါ၀င်ခဲ့သည်။ ဂိုးသမားကြီး ဘတ်ဖွန်၊ အဲလ်ဗက်စ်၊ ဘိုနုချီ၊ ဆန်ဒရို၊ ပီဂျန်နစ်၊ ဟီဂူအင်နှင့်ဒိုင်ဘာလာတို့ ဖြစ်သည်။ အခြားလေးဦးမှာ ရိုးမားကွင်းလယ်လူနိုင်ဂိုလန်နှင့် နာပိုလီကစားသမားများဖြစ်သော မာတန့်စ်၊ ဟမ်ဆစ်နှင့်ကော်လီဘလေးတို့ ဖြစ်သည်။

ဘတ်ဖွန်သည် စီးရီးအေအကောင်းဆုံးဂိုးသမားဆုကို ၁၂ ကြိမ်မြောက် ရရှိခဲ့ခြင်းလည်း ဖြစ်သည်။ ဂျူဗင်တပ်စ်အသင်းမှာလည်း အကောင်းဆုံးအသင်းဆုကို ၆ နှစ်ဆက်တိုက် ရရှိခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required