ဇန်နဝါရီတွင် ကစားသမားသစ်ခေါ်ယူပေးရန် ဘုတ်အဖွဲ့ကို ချယ်လ်ဆီးနည်းပြကွန်တီ တိုက်တွန်း

ဇန်နဝါရီတွင် ကစားသမားသစ်ခေါ်ယူပေးရန် ဘုတ်အဖွဲ့ကို ချယ်လ်ဆီးနည်းပြကွန်တီ တိုက်တွန်း

နိုဝင်ဘာ ၂၇၊ အင်္ဂလန် ။            ။ ချယ်လ်ဆီးနည်းပြကွန်တီက လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်များခေါ်ယူပေးရန် ချယ်လ်ဆီးဘုတ်အဖွဲ့ကို တိုက်တွန်းတောင်းဆိုလိုက်သည်။ မန်စီးတီးအသင်းကို ယှဉ်ပြိုင်လိုပါက ကစားသမားသစ်ထပ်မံဖြည့်တင်းရန်လိုအပ်ကြောင်း ကွန်တီက ဆိုသည်။

ကွန်တီသည် ပြီးခဲ့သည့်အပြောင်းအရွှေ့ကာလက လူကာကူ၊ ကန်ဒရီဗာ၊ ဘာကလေနှင့် ဗန်ဒိုက်တို့ကို ခေါ်ယူပေးရန် တောင်းဆိုခဲ့သော်လည်း ချယ်လ်ဆီးအသင်း တာဝန်ရှိသူများဘက်က   ခေါ်ယူပေးနိုင်ခြင်း မရှိခဲ့ပေ။

“မန်စီးတီးအသင်းအခုလို ခြေစွမ်းပြနေနိုင်တာ အံ့သြစရာမရှိပါဘူး။ မန်စီးတီးက ဒီရာသီမှာ အမှန်တကယ်တောင့်တင်းတဲ့ အသင်းပါ။

ပြီးခဲ့တဲ့ရာသီကတည်းက မန်စီးတီးက တောင့်တင်းပါတယ်။ ဒါပေမဲ့ အပြောင်းအရွှေ့ကာလမှာ သူတို့ဟာ သူတို့လိုချင်တဲ့ ပထမဦးစားပေးကစားသမားတွေကို ရအောင်ခေါ်ခဲ့ပါတယ်။ ဒါကြောင့် အခုလို အများကြီး တိုးတက်လာခဲ့တာပါ။ ကျွန်တော်တို့အနေနဲ့မန်စီးတီးကို ယှဉ်ပြိုင်ချင်တယ်ဆိုရင် အပြောင်းအရွှေ့စျေးကွက်ထဲမှာ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချပြီး အလုပ်လုပ်နိုင်ဖို့ လိုပါတယ်” ဟု ကွန်တီက ပြောဆိုခဲ့သည်။

ရည်ညွှန်း All Football

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required